ငါတို့ဟာ ပစ်မှတ်ကို ရွေးတတ်ဖိုတော့လိုတယ်

ပစ်မှတ်ဟာ ပွဲပြီးချိန်နီးတဲ့ခါ

ဝေဝါးစေဖို့ ဖန်တီးထားတာ

ခြေတစ်လှမ်းမှားတာနဲ့ ခံသွားရမယ်ဆိုတာပဲ .....


စွန့်စားမှုနဲ့ ရွေးချယ်တတ်မှုဟာ

အောင်မြင်မှုဆီကို ပို့ပေးတတ်တာပဲ

ငါတို့ ဦးနှောက်ကို နေ့စဉ်လေ့ကျင့်ဖို့တော့လိုရဲ့ .....


သတိဆိုတာ ပိုသည်မရှိပြန်တာလည်း

ငါတို့တွေ့ကြုံခဲ့ရ သင်ခန်းစာတွေက

သက်သေတွေပြခဲ့ပေမဲ့

တစ်ချို့ သတိတစ်ချက်မှားတော့ 

အနာဂတ်ဟာဝေဝါးသွားကြတာ

စိတ်မကောင်းစရာ ....


ဓမ္မနဲ့အဓမ္မအားပြိုင်ပွဲမှာ

ဓမ္မဘက်တော်သားတွေအတွက်

အမှန်တရားက ကမ္ဘာတစ်ပါတ်လှည့်ပြီးမှ

ရောက်လာတတ်တာ သဘာဝပဲမို့လား.....


အောင်လံကို တောင်ထိပ်ဆီလွှင့်နိုင်ဖို့

အလံသယ်တဲ့အဖွဲ့ကလည်း သယ်ရင်း

ဆူငြောင့်ခလုတ်တွေရှင်းသူကရှင်းတုန်းမို့

လမ်းခုလတ်နဲ့ လှည့်မပြန်

လွယ်လွယ်နဲ့လက်မလျှော့ကြစို့ရဲ့ ....


(14.06.2021) MON 

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ