ဒီနေ့အားလုံးရဲ့ နှလုံးသားမှာ

ပန်တွေနဲ့ဝေနေပါတယ်အမေ ....


နှင်းဆီဖူးတွေကလည်း

တညီတညာတည်း

ပွင့်နေလိုက်ကြတာ

လူသားသံမဏိနှင်းဆီဖြစ်တဲ့ 

အမေ့အတွက်ထင်ရဲ့ ....


အမေ့သားသမီးမြေးမြစ်ကအစ

​ဆိုက္ကားဆရာ ပန်းရံလုပ်သားမကျန်

အမေ့အတွက် ပန်းကိုယ်စီနဲ့

ချစ်ခြင်းပြကြတာ

ဒီတစ်ခါမွေးနေ့ဟာ

ဟိုလူယုတ်မာတွေ

အာဏာမရူး ပလ္လင်သာမရူးခဲ့ရင်

အမေ့ရဲ့ တုန့်ပြန်မေတ္တာသံလေး

ခုလောက်ဆို ကြားနေရလောက်ပြီပေါ့ ....။


ချစ်ခြင်းများနဲ့ လွမ်းလိုမဆုံးဖြစ်ရပါတယ်အမေ .....


အမေဆိုတဲ့ ဝေါဟာရက

မွေးသမိခင် မဟုတ်ပါပဲ

မိခင်ကဲ့သို့ ဂုဏ်ရည်ကိုပိုင်ဆိုင်လို့

မကောင်းမြစ်တား ကောင်းရာသာစေညွှန်တတ်သူမို့

အားလုံးရဲ့ရင်ထဲက အမေရယ်လို့

ခေါ်ဆိုထိုက်သူဖြစ်လို့

တလောကလုံးကသူတွေက

ချစ်ခြင်းအပြည့်နဲ့ခေါ်ကြတာပါ ....


သားတို့သမီးတို့

သေချာယုံကြည်နေပါတယ်

အမေ့ဆီက စိတ်မှန်းနဲ့ပဲ

တစ်နိုင်ငံလုံးနဲ့ အဝေးရောက်နေတဲ့

အမေ့သားသမီးမြေးမြစ်မကျန်

အားလုံးအတွက် မေတ္တာတရားတွေကို 

အသံတိတ်ပို့လွှတ်လို့

သားတို့သမီးတို့တွေ လုံခြုံမှုရနေတယ်ဆိုတာပါပဲ .....


လူယုတ်မာတို့လက်ထဲမှာ ရောက်နေတဲ့

ဒီလိုမွေးနေ့မျိုးဟာ ဒီတစ်ကြိမ်သာ

နောက်ဆုံးဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်အမေ .....

သက်တန့်လွှာ 

၁၉.၀၆.၂၀၂၁













Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ