ခြွင်းချက်မရှိ ကန့်သတ်မှုမပါ

အလျားအနံမဲ့ မေတ္တာရဲ့အခြားတစ်ဖက်မှာ

နှုတ်လို့မရတဲ့ သစ္စာတွေနဲ့ချည်လို့

ကောင်းကွက်ကိုသာရှာမိတယ် .... 


သင်ကောင်းလျင် ကျွန်ုပ်မဆိုးပါ ဆိုရိုးထက်

ကိုယ်ကောင်းတော့ ခေါင်းဘယ်မှမရွေ့ဘူးဆိုတာ လက်ခံလို့

ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ဟာ

ကိုယ်အပိုင်နိုင်ဆုံး ပြကွက်တွေသာသုံးလို့

ပရိတ်သတ်ရဲ့ နှလုံးကို သိမ်းကျုံးယူနိုင်ဖို့ ငါ ... ကြိုးစားမယ်။ 


နာကျင်ခဲ့တာတွေ အသာထားလို့

အချိန်ရထားကြီး တစ်ပါတ်လည်တော့

အဲဒီ ဘူတာမှာ ရှင်သန်မှုအသစ်နဲ့ 

ခရီးစဉ်အသစ်အတွက် လိုက်ပါစီးနင်းခွင့်ရပြန်တော့ မမြဲခြင်းတရားဟာ

ပြန်တွေးကြည့်မှ  ပိုသိသာလာတယ်။ 


တောက်ပတဲ့အလင်းရောင်ဆီမရောက်ခင်

အမှောင်ဆုံးအချိန်တွေ ဖြတ်ကြရတယ်

ပျော့ပျောင်းခြင်းဟာ မာကျောမှုကနေစတယ်

အေးစက်မှုတွေကတဆင့် နွေးထွေးမှုဆီ

တကယ်တော့ ခရီးတစ်ထောက်စာပါပဲ

နောက်ဆုံးတော့ စိတ်ရှည်သီးခံခြင်းနဲ့သာ

..... 

(3.6.2021) THUR

Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး