ကလေးအတွက်

ကလေးရေ ......
ကြုံလာတဲ့ လောကဒဏ်ကို
အဖြေမရှိတဲ့ ပုစ္ဆာလို
ပဟေဠိ အဖြေ မညှိချင်တော့လို့
မထူးဇာတ် မင်း မခင်းချင်ပါနဲ့ ........

ဘဝ ရဲ့ မျှော်လင့်ခြင်း အတွက်
တစ်လှမ်းချင်း မင်းလျှောက်ရမယ် ......

ဒုက္ခများနဲ့ ခါးသက်သက် နေ့တွေထက်
ချိုမြိန် နေ့ရက်တွေနဲ့ မိတ်ဖွဲ့ပြီးမှ
မင်းခရီးဆက်ပါ ...........

ဘဝခရီးလမ်းထက် လဲကျတဲ့အခါလည်း
ပြန်ထဖို့သာ လိုလိမ့်မယ်
လျှောက်တဲ့လမ်းတိုင်း ‌ဖြောင့်တန်းစေဖို့
ကိုယ့်ကိုယ်တိုင်သာ ကြိုးပမ်းရမယ်လေ .....

ဘဝသင်ခန်းစာ ကျေညက်အောင်
သင့်လျော်တဲ့ စာများလည်း
မင်းဖတ်ရလိမ့်မယ်
အဲဒီအတွက်တော့ မင်းအချိန်လေးပေး .....

ဒါမှ စိတ်ထားပြည့်ဝတဲ့သူတွေရဲ့
အပြုအမူတွေနဲ့ စိတ်ထားတွေလည်း
မင်း သိလာပါလိမ့်မယ် .....

ပန်းတိုင် ရောက်ပြီးရင်တော့
စာနာစိတ်ကလေး ကိုယ်တွင်းမှာမွေး
အားနည်းတဲ့ဖက်မှာ ရပ်ပေးလို့
လူတွေကို ဖေးမတဲ့လက်၊
ဆွဲထူမဲ့ လက်တစ်စုံနဲ့သာ

ကယ်တင်ဖို့ မင်းသတိရပါ ...........



(1.9.2019) YGN


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...