သူ့အရင်အတိုင်း

အလွမ်းတွေက လတ်ဆတ်နေပေမဲ့
အလွမ်းဇာတ်ကို ဒီဘ၀ ဒီမျှနဲ့ပဲ
ပြည်ဖုံး ကားချမလို့ ......

ငါ့နှလုံးသားက
ငါ့အလိုကျ ပြဌာန်းပြီးသား
နာကျင်စရာများ ရှိခဲ့ရင်လည်း
ခံနိုင်ရည်အားနဲ့ တွန်းထုတ်မလို့ ..........

ဘဝတစ်ခုအတွက် ငါ .... အသစ်ကပြန်စ
အနာဟောင်းလည်း ငါ မဆွလိုပေမဲ့
အရာရာ နေသားတကျ မဖြစ်လှတော့
ဒီသံသရာ ဒီစက်ဝိုင်းထဲ လည်နေတုန်းပဲ .......

မမေ့နိုင်စရာ အတိတ် တစ်နေရာဟာ
သူ့အရင်အတိုင်းလေးသာ ရှိနေဆဲပဲ .......


 (4.9.2019) YGN

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...