ဆုမွန်
လုပ်ရပ်က လုပ်ဇာတ်ဖြစ်နေတော့
ပွဲသိမ်းကောင်းအောင်တော့ ကြည့်ထိန်းပေါ့ 
အို .... ဇာတ်ဆရာ
ဇာတ်သိမ်းခန်းတော့ လှပါစေရေး
ငါတွေးရင်း မောလှပေါ့
ဘေးကမထိုင် ဘုလည်းမပြော
ဂဏန်းလိုလူတော့ မဟုတ်တာ
ငါ့ကိုယ်ငါ သေချာလို့ ......
အရိုးခံ စိတ်ရင်းဟာ 
မကောင်းသူဖယ်လို့ ကောင်းသူကယ်စေ
ဆုမွန်သာခြွေမိတော့တာ .....
(၅.၁၀.၂၀၁၉) ရန်ကုန်

 
Comments
Post a Comment