တစ်ခါက နေ့ရက်များအတွက်

နှစ်ခါပြန်မရတော့တဲ့ 
အခွင့်အရေးတွေကို မေ့ပစ်ပြီးတော့
မင်းရဲ့ အဝန်းအဝိုင်းမှာ ခိုဝင်နားလို့
ဘဝတစ်ခုကို အစပြုဖို့ ကြိုးစားဖူးတယ် 

ပေးဆပ်မှုမှာ ကိုယ်ပျော်မွေ့လို့ 
အားနည်းသူကိုမှ ထူမတ်ပေးဖို့
အကောင်းဆုံးလမ်းကို ရွေးမိသူဟာ
တံလျှပ်ကိုရေထင်ခဲ့တဲ့ ရွှေသမင်လို
လက်တွေ့ဘဝနဲ့ စိတ်ကူးများက
ခြားနားလွန်းတော့ ကိုယ် မောလာတယ်

တစ်နေ့ထက်တစ်နေ့ ကိုယ်ဟာ
မင်းတို့အတွက်  အသုံးချဖို့သက်သက်
ရုပ်ပြတစ်ခုသာသာပဲလို့  သိလာဖို့
အချိန်တစ်ခု အရင်းပြုလို့
ကိုယ်တိုင်ရိတ်သိမ်းဖို့ 
ကိုယ့်ကိုယ်တိုင်ပဲ စိုက်ပျိုးရင်း .....

ကိုယ်က ပေးတိုင်း ပြန်မရမှန်း
သိခဲ့သလို ရလိုမှုမပါ အရောင်မပါ
ဒါဟာ ကိုယ့် မေတ္တာလို့
ယုံကြည်မျှော်လင့်စွာ

ကြုံဆုံခဲ့ရ တစ်ခဏရဲ့
အဆုံးသတ်က ဇာတ်သိမ်းမလှ
အတ္တလှလှနဲ့ ‌‌ ‌တစ်ဘ၀စာ
သင်ခန်းစာမှာ ဂုဏ်ထူးမှတ်နဲ့
နောက်ပြန်မလှည့် 
ကျောခိုင်းထွက်ခဲ့တာ ယနေ့ထိပေါ့  .....
(7.10.2019) Monday

Comments

Popular posts from this blog

လီလီပန်းလေး

နံရံတွေမှာ နားရှိတယ် .........