ချိုသာ အီစိမ့်တဲ့ စကားအလှတန်ဆာရဲ့နောက်မှာ

ပကတိတရားကဘာလဲ စူးစမ်းချင်စရာ

တည်ကြည် ပြတ်သားမှုဟာ

သူနေရာနဲ့သူ လိုတာမို့

ဇာတိသဘောရယ် စောကြောကြမယ် .....။


ဘဝမှာ ကြက်ခြေခတ်တွေနဲ့ မကင်းသာ

မှားတတ်ကြတာချည်းပဲ

ထာဝရအမြဲတော့ မမှားစမ်းနဲ့ပေါ့ .....


နောက်ကျောကို ထိုးသမျှမြားချက်တွေဟာ

ဒီတာကပဲ စထွက်တယ်ဆိုတာ သေချာလွန်းလို့

အမှားထဲက အမှန်လမ်းဖွေရှာ

ရပ်တည်မှုမှာ မှန်ရာဘက်က အားကြီးမှ

ဓမ္မကိုလည်း မမေ့နဲ့

သံသယတွေးလည်း မများစမ်းနဲ့.....။

(31.05.2021) MON

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...