မျှော်ကြည့်မိခြင်း

တည်ဆောက်ခြင်းနဲ့ ပြိုလဲခြင်းရဲ့အကြောင်း
လင်းလက်တောက်ပမှုနဲ့ အမှောင်တွေရဲ့အကြောင်း
မေ့မေ့ပျောက်ပျောက်ဖြစ်ဖို့ ယူခဲ့ရတဲ့အချိန်တွေရယ် ....

ယုံကြည်ချက်က ကျောက်ဆောင်ပမာ
အစွမ်းကုန် စွန့်လွှတ်မှုတွေဟာ
လွှတ်ထားတဲ့ စွန်ကလေးဆီ
အပေါ်ကိုမျှော်ကြည့်ရင်း မြေပြင်က
ရစ်ဘီးလေးပိုင်ရှင်ရဲ့ ခံစားမှုလို ....

ဝမ်းသာဝမ်းနည်းရတာတွေကို
သရုပ်ပါပါနဲ့ ဖော်ပြမစွမ်းနိုင်သူအဖို့
ကန့်လန့်ကာရဲ့နောက်ကွယ်မှာ
မျက်ရည်စတွေနဲ့ .....

နာကျင်မှုတွေကို ချေဖျက်လို့
တောက်ပလာမဲ့ အနာဂတ်အတွက်
လက်ချိုးရေတွက် ....။

September 18, 2021

Comments

Popular posts from this blog

ပျော်ပါစေ

ပီတိ

ယုံကြည်ရာလမ်း (၂)