ဆွဲနှုတ်ပစ်တဲ့ဆူးတစ်ချောင်း

လျှောက်ခဲ့ပါတယ် ဒီလမ်းအတိုင်း

နာကျင်ခံရခက်စရာ အကြောင်းတရားဟာ

နှုတ်ရခက်တတ်တဲ့ ဆူးတစ်ချောင်းလို

မညှာမတာ အခါခါမနာကျင်စေချင်

တစ်ခါတည်းသာနာပါစေ

ဆွဲနှုတ်ပစ်နိုင်ဖို့ ကိုယ် ... အမြဲကြိုးစားတယ်။ 


ငယ်စဉ်ခါက လိုက်မမှီခဲ့တဲ့စကားလုံးတစ်ချို့က .....

ခုချိန်မှာ အံဝင်ခွင်ကျလို့

ပုရွက်ဆိတ်ကလည်း သူ့အစွမ်းရှိသလို

ပုစွန်ဆိတ်ရဲ့စူးကလည်း နာကျင်စွမ်းစေတာပဲ  


အားကြီးခြင်း အားနည်းခြင်းတိုင်းတာတဲ့အခါ

တိုင်းတာရာ စံပေတံမတူ မတူညီမှုတွေကြောင့်

တန်ဖိုးထားမှုတွေ ခြားနားလှတယ် ....


ဘဝစာသင်ကျောင်းမှာ

အမှတ်ကောင်းကောင်းရဖို့

နိယာမတရားတွေ နောကျေမှ .....


ပြုသူအသစ် ဖြစ်သူအဟောင်း

ကြွေးဟောင်းကိုသာ အကျေဆပ်ပါရစေ

ကြွေးသစ်ကိုတော့ ကိုယ့်မှာ မလိုပြီ ....


လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းကြပါစေ ....

အထင်သေးခြင်း အချင်းချင်း ကင်းကြပါစေ ....

မလိုစိတ်ထား အမုန်းပွားခြင်း ကင်းကြပါစေ ..... 

သက်တန့်လွှာ

September 5, 2021 (Mon)

Comments

Popular posts from this blog

ပျော်ပါစေ

ကိုယ်ပြုသောကံ ပဲတင်သံသို့ .....