ကိုယ်ပြုသောကံ ပဲတင်သံသို့ .....

မောင်/ညီမငယ်တို့
မကြည်လင်တဲ့စိတ်နောက်
ကောက်ကောက်ပါအောင် မလိုက်ကြဖို့ .....

ကိုယ်ပြုသောကံ ပဲ့တင်သံသို့
ဖြစ်တည်အစ ပြုကာမျှဖြင့်
ပြီးဆုံးမည်ဟု မမှတ်ယူလင့် .....

သံသရာ စက်ရဟတ် လှည့်ပတ်သမျှ
လိုက်ရမှာမို့ အသိသတိ ထားစေလို  .....

မိမိ အတ္တ သတိချပ်လို့
ငါ့ဆွေငါ့မျိုး ငါတို့အကျိုးသာ
ရစေလိုမှု အကြောင်းပြုရင်း
စိတ်အရောင်စုံတို့ မရေးခြယ်မိဖို့
တစ်ကိုယ်ရေတွေးပါ  .....

သံသယဟူသမျှ 
မင်းရဲ့စိတ်ကို  အလှောင်ပိတ်လို့
အကောင်းတော့မြင်ပါ
လူ့သဘာဝ သူ့အတ္တနဲ့
သူ့အပြစ်သာ ရှိစေမှာမို့
ရင်ဘတ်ကို ကျယ်ကျယ်ဖွင့်လို့
အတ္တသားကောင် မဖြစ်အောင်သာ
ရေလိုစိတ်ထား မွေးစေဗျား..... 

လုပ်ခဲ့သမျှ ကိုယ်ကျိုးမမျှော်
စေတနာစေ့ဆော်သမျှ နိစ္စဒူဝ
ဒီလိုသာ ငါတို့လျှောက်ခဲ့ရင်
ကောင်းခြင်းဖြာဖြာ တစ်နေ့တော့ဖြင့်
သူရောက်လာမှာ အမှန်သာလို့
တွေးကာသာ ငါတို့ ဆက်လျှောက်စို့..... 

ခုချိန်ခါမှာ
ကိုယ့်ကိုကိုယ်သာ
လောဘကြီးသူ၊ ဒေါသကြီးသူ
မောဟကြီးသူ ဘယ်သူဖြစ်ဖြစ်
ပြင်သင့်တာပြင်ဖို့
နောက်မကျသေးတာ သေချာသမို့
တစ်ဦးချင်းသာ ပြုပြင်ကြပါစို့။

TTH (4.3.2020)


Comments

Popular posts from this blog

ပျော်ပါစေ