သူညွှန်ခေါ်ရာ .....

ပြန်လည် ရှင်သန်ကြမယ်

ကိုယ်ပိုင်တဲ့ ကမ္ဘာငယ်ကိုယ်စီ

ငြိမ်းအေးမှုတွေနဲ့ ပြည့်ဝလို့

မနက်ဖြန်တွေဆီ အိပ်မက်ကိုယ်စီ .....


သွားကြမယ် ရည်ရွယ်ရာဆီ

ဖေးမမှုကိုယ်စီ

လျှော်ဖွတ်ပြီး စိတ်အသစ်တွေနဲ့

ဘယ်တော့မှ မယိုင်နဲ့ကြေး .....



စိန်မခေါ်နဲ့

တိမ်ပေါ်ထိ လိုက်ကြမယ်ကွဲ့

ယုံကြည်မှုအပြည့်နဲ့

မပျက်တဲ့ သစ္စာတွေပြု

အဆုံးထိ ရွက်လွှင့်လို့ .....



လေထဲတော့ အိမ်မဆောက်ကြေး

ခေါင်းမော့ရင်ကော့ ဘဝတွေများစွာ

သူ့မေတ္တာရိပ်အောက် နွေးထွေးလုံခြုံစွာ

တန်ဖိုးနားလည်လို့ သူညွှန်ခေါ်ရာ

ဖြောင့်ဖြောင့်သာ လိုက်ကြစို့ရဲ့ .....



TTH (6.4.2020)

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ