မင်္ဂလာနှစ်သစ်ဆုတောင်း

ဟိုအရေး၊ ဒီအရေး

တောင်တွေး မြောက်တွေး

မတွေးစေချင် .....


အတွေးထဲမှာတင်

တည်ငြိမ်ကြစို့လား


ဘာမဆို ရင်ဆိုင်မယ်လို့

လက်ကလေးတွေ အတူတွဲထား ....


ဒီမှာတင်ရပ်ကြစို့

အမုန်းတွေ ထပ်မပွားဖို့

ပုဂ္ဂိုလ်ခင်လို့ တရားမင်တဲ့အခါ

တရားသဘော စောကြောစိတ်ဖြာ

မှန်သောလမ်းသာ လျှောက်ဖို့အရေး

ငါတို့တွေးဖို့ လိုမယ် ..... 



အချင်းချင်းကြား

လှည့်ပတ်ခြင်းလည်းကင်းစေ ဝေးစေ

အထင်သေးခြင်း သာ၍ဝေးလို့

ဆင်းရဲစေခြင်း ကင်းရအောင်သာ

ငါတို့ ကြံကြမယ်  .....


ငြိမ်းချမ်းသောလမ်းမှာ

အာဃာတတွေ နေရာမယူကြေး

သစ္စာတွေပြုရင်း

အပြစ်ဟူသမျှ ရှောင်ရှားကြလို့သာ

ချစ်ခြင်းမေတ္တာ ရင်မှာပွားရင်း

နှစ်သစ်မှာ ကံကောင်းခြင်းတွေ မျှော်ကြမယ် ..... 


TTH (17.4.2020)


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ