အဆုံးသတ်

နီးလာပြီ ဘဝကို အသစ်ပြင်ဆင်ဖို့

မကြည့်မိတော့ မသိခဲ့ဘူး

ငါဘယ်သူလဲဆိုတာ အရေးကြီးတာကို ....


အမှန်ကိုမြင်သိ လက်ခံလို့

အခြေအနေမှန်ကို

ကြိုးစားရင်း ကြားရဆိုးတာတွေ

မဖြစ်ပါစေနဲ့ ဆုတွေ ဆုတွေ

တောင်းမိ အခါခါလေ .....



တဖြည်းဖြည်းနဲ့ ဝေးလာလေ

ဆုတ်ရင်းစူး စားလည်းရူး

ဘဝအနေတွေ ခြားလာလေလေ

ပြောပြချင်လို့

ကျေးဇူးပြုပြီး နားထောင်ပေးပါ

မနီးစပ်ခြင်း အကြောင်းတွေ .....



မပြည့်တဲ့အိုးမို့ ဖြည့်ရအုံးမဲ့အသိတရားတွေ

လှည်းဝင်ရိုးနောက် ကပ်ပါလှိမ့်ရင်း

အို ,,,,, ဘဝတွေ ဘဝတွေ

အဆုံးမရှိတာကိုဖြင့်

တစ်နေ့တော့ ဖြတ်ရလိမ့်မယ် .....။


TTH (5.4.2020)


Comments

Popular posts from this blog

လီလီပန်းလေး