အမှတ်တရ

နင်နဲ့ငါကြား အမှတ်တရက

မေ့ပစ်ဖို့မဟုတ်

နာကျင်စရာတွေ ဖယ်ဖယ်ထုတ်

အဟောင်းတိုင်း အကောင်းတိုင်း

သူ့နေရာနဲ့သူ ငါထားခဲ့တယ် .....


ရည်ရွယ်တာတွေ မဖြစ်တတ်မှန်း

မသိနိုင်ခဲ့လို့  ... ဟို တစ်ချိန်က

သူရဲကောင်း ဖြစ်ချင်ခဲ့တော့

ကိုယ့်ဆန်စားပြီး ရဲရင့်ခဲ့ပေါ့ .....


မှားနေတာမြင် ပြင်ပေးချင်လည်း

အသိမှောက်မှား ဒွိဟပွားတဲ့

အမှား ဝင်္ကဘာတောမှာ

ငါ့ထက် အရေးပါနေခဲ့တော့

နှမလက်လျှော့ နေလေတော့လို့သာ .....


ခုတော့ မှုန်မှုန်မွှားမွှား

အတိတ်နေ့များလည်း လှည့်ပြန်မကြည့်

လက်ရှိအခြေအနေသာ

ငါလေ တန်ဖိုးထားအသက်ဆက် .....။

TTH (24.4.2020)

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ