ပန်းတိုင်

စွမ်းသလောက်တော့ ကြိုးစားရင်း

အားမလျော့စတမ်း ခရီးလမ်းတစ်လျှောက်

အရာရာမှာ နှစ်သိမ့်ခြင်းနဲ့

တို့တွေ မွေ့လျော်တတ်ခဲ့တယ် ....



ပေးတတ်သော လက်တစ်စုံနဲ့


စာနာမှုတွေ နှလုံးသားမှာ ကြီးစိုးလို့

အို ... ကမ္ဘာကြီးပေါ်က ကွက်လပ်တွေကို

ဖြည့်ကြစို့ တို့အတူရယ်လို့

ဖေးမလို့ တွဲခေါ်   စိတ်တူသူတွေများမှ

သာယာစိန်းလန်း စိတ်ရွှင်လန်းမှာ .....


ခုနေချိန်ခါ

ကမ္ဘာမြေရဲ့ နာမကျန်းစစ်ပွဲမှာ

လူသားဆန်ဆန် ကိုယ်ကျိုးမငဲ့နိုင်

တစ်ခုတည်းသော ပန်းတိုင်ဆီ

ရှိသမျှအင်အားနဲ့ စွမ်းသလောက်

ခရီးနှင်ကြလို့  ....


ခရီးသွားတူတူ ဘဝတူချင်း

ကြုံလာသမျှတွေကို ခါးစည်းခံလို့

မပြီးဆုံးသော ပန်ချီကားပမာ

ဆေးစက်ကျရာ အရုပ်တွေက

ဟောတစ်ခု ဟောတစ်ခုပြောင်းနေပေမဲ့

တစ်နေ့တော့ဖြင့် ရာဇဝင်တွင်နိုင်လောက်တဲ့

ခြယ်သမှုတွေနဲ့ ကျန်နေစေရေး


တွေးရင်း အားတင်းကာပဲ

တို့ညီအစ်ကို မောင်နှမတို့

သွားကြစို့ ပန်းတိုင်ဆီ .....

TTH (8.4.2020)

Comments

Popular posts from this blog

ဆန္ဒလိုအင်

ကိုယ်ပြုသောကံ ပဲတင်သံသို့ .....

သင်ယူခြင်း...