မေတ္တာ၊ ဂရုဏာ ၊ မုဒိတာ

အိုအဆွေ
အဆင့်မြင့်တဲ့ စိတ်ဓာတ်မျိုး
ရင်ဘတ်မှာထုတ်ပိုးလို့
တစ်ဖက်သတ်မဆန်
အပေးအယူ စိတ်ဓာတ်တူ
တစ်ယောက်ကတစ်ယောက်ကို
ဖေးမလို့ကူကြမယ်လို့ ......  

ရင့်ကျက်မှုကို လိုက်ရှာ
အရာရာက တရားနဲ့ဖြေသိမ့်တတ်ဖို့သာ
သောင်ပြင်မှာ မကျေနပ်စရာတွေ
ရေးမှတ်ကြခဲ့ယုံ .... 


အချိန်တန်တော့
သောင်ပြင်က မူလပကတိတိုင်းပဲ
ရှိနေဆဲ မဟုတ်လား ..... 


ကမ္ဘာမြေကို အလှဆင်ကြဖို့
အစွန်းမရောက်
အတ္တနဲ့ပရ မျှလို့သာ 
လက်တစ်ဖက်ကို ကမ်းလင့်
စိတ်တူကိူယ်တူများအတွက်
တံခါးတွေဖွင့်ထားတယ်..... 

သဒ္ဒါတရားမှာ အားမာန်တွေပါ
အရေးကြီးက သွေးစည်းကြလို့
တစ်မြေတည်းနေ တစ်ရေတည်းသောက် 
တစ်ဦးအပူ တစ်ဦးကကူလို့
ငွေအသပြာနဲ့ ဝယ်ကာမရတဲ့
မေတ္တာ၊ ဂရုဏာ  မုဒိတာတရားများက
မျက်ဝါးထင်ထင် ရှိလှပြီ .....  

TTH (28.4.2020)




Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ