ဒုတိယလူ

ကံကြမ္မာရဲ့ သံသရာစက်ဝိုင်းထဲ
နေထိုင် လည်ပတ်ခဲ့သမျှ
ဒုတိယလူ အဖြစ်နဲ့လဲ
စွမ်းသလောက်တော့ 
ရပ်တည်ကြိုးစား......

ကျေနပ်ပါတယ်လေ ... 

အမှတ်မရှိတဲ့ အသည်း
မမာနိုင်လွန်းတာလည်း 
ကိုယ့်အားနည်းချက်လို့
ဘေးလူထင်တာ ဘာဆန်းသလဲလေ.... 

တကယ်တမ်းတော့ 
မေတ္တာတရားတို့ ကြီးစိုးရာ
အရာရာကို နားလည်ပေးလို့
ဥပက္ခတရားနဲ့သာ
အနေတတ်ဖို့ လေ့ကျင့်ရင်း..... 

အတ္တကို မြင်အောင်ကြည့်လို့
အေးချမ်းသော လမ်းပေါ်ကသာ
လျှောက်နေမိသူ တစ်ဦးမို့
ကိုယ့်အတွက်တော့ နေရာက
အဓိက မကျတာ သေချာနေခဲ့တာ.....
(17.11.2017) YGN


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ