အဆုံးတစ်နေ့အတွက်

ဘယ်သူက ဘယ်သူ့အတွက်

ဖြစ်တည်ခဲ့တာလဲကွယ်
တစ်နေ့သွားရမဲ့ လမ်းတူတူ
ဘိန်းစားချင်းတူတူ တစ်မူးပိုမရှူချင်ပါနဲ့ .....


လောကကို ဆေးရောင်ခြယ်

စိတ်ရဲ့အလှနဲ့ တန်ဆာဆင်ကြလို့
ပွင့်သောပန်းတိုင်း လန်းဆန်းချိန်မှာတော့
အလှပဆုံးနဲ့ စက္ခုပသာဒရှိစေမှာအမှန်မို့ .....


နွေမိုးဆောင်းတို့  ပုံမှန်လည်ပတ်လို့


တစ်နေ့ထက်တစ်နေ့ ခြေလှမ်းများ
လေးလံမလာစေဖို့ အစကောင်းလို့
အဆုံးတစ်နေ့အတွက် ကျန်ရစ်မဲ့

သမိုင်းလှလှတစ်ခု ချန်ရစ်ကြပါစို့ .....

(19.11.2019) YGN

Comments

Popular posts from this blog

ပျော်ပါစေ

ကိုယ်ပြုသောကံ ပဲတင်သံသို့ .....