အလွမ်းစိတ်ကို လွမ်းရင်းနဲ့ပဲ ဖြေနေရတယ်.....

အနားနား ရှိစဥ်ခါက 
လှုတ်ရှားမှုတိုင်းက ရင်မှာသက်ဝင်
နွေအခါပင် ပူတယ်မထင်

ခုကျတော့ အေးတမြမြနဲ့
ဆွေးရပြန်တယ်..... 

ကြယ်ကြွေချိန်တိုင်း 
ဒီဆုတောင်းလေးပဲ
မပြည့်မချင်း တောင်းနေမှာလို့.... 

လွမ်းနေခွင့်လေး ပေးခဲ့တာပဲ 
ငါလေ ကျေးဇူးတင်မိတယ်... 

ဒါကြောင့်လေ
အလွမ်းစိတ်ကို လွမ်းရင်းနဲ့ပဲ ဖြေနေရပေါ့......   


(12.11.2019) YGN

Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး