ရင်ဘတ်ထဲက နှင်းဆီ

ရဲရဲရင့်ရင့်နဲ့  ပွင့်လိုက်စမ်းပါ
ရှေးကုသိုလ် ကောင်းခဲ့လို့သာ
ဒီဘဝမယ် မျက်နှာမြင် ချစ်ခင်စေလို့
ပကတိအရှိကိုသာ ရောင့်ရဲ
ပူလောင်မှုကင်း အေးချမ်းခြင်းနဲ့
လျှောက်ချင်သူမို့ ကိုယ့်စိတ်ထဲဝယ်
သူ့တွက် ကျေနပ်ပီတိ ဖြစ်ရတယ် .....  

နောင်တချိန်တွက် လောကကြီးမှာ
ချန်ရစ်ခဲ့စရာ သူ့စေတနာနှင့်
သူ့မေတ္တာများ ဆက်လက်တည်တံ့
ခိုင်စေသားလို့ သစ္စာတရား
ဦးထိပ်မှာထား လုံ့လအမြဲစိုက်လေသူမို့.... 

ကိုယ့်အဖို့မှာတော့ လောကတစ်ခွင်မှာ
အစားထိုးစရာ နောက်ထပ်မရှိတာ
ပင်မြင့်စံနန်းမှာ ရနံ့ထုံသင်း
ဂုဏ်သတင်းမွှေးလို့ မှတ်ယူမိသည်
ရင်ဘတ်ထဲက အိုနှင်းဆီ.....  


( 29.11.2019 ) YGN

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ