အဖြေမဲ့ပုစ္ဆာ

သံယောဇဥ် လက်ကျန်လေးကို
တစ်စစီ ကောက်သိမ်းလို့
အိပ်မက်က လက်တွေ့ဖြစ်မလာတဲ့အခါ
အမှတ်မထင်နဲ့ တို့တွေဝေးဖို့ဖြစ်လာတယ်..... 

ချည်မိတဲ့ကြိုးက ဆွေးမြည့်ကုန်တော့
နောက်ဆုတ်ကြရင်းပဲ ပြတ်သွားခဲ့တာလား
လျော့လွန်းလို့ လွတ်ထွက်သွားတာလား
ငါ့မှာ ဖြေရှာ မောလာပြီ .....

အဖြေမဲ့ပုစ္ဆာ ဖွေရှာမောချိန်
မရေရာတဲ့ ခရီးလမ်းတွက်
ဇာတ်သိမ်းလှမလှ မသေချာလှသမို့
လမ်းခုလတ်က လှည့်ပြန်ထွက်ခဲ့တာ
နာကျင်စရာများလည်း အားမကြီးခင်
တို့တွေ ဝေးကြတာပဲ ကောင်းပါတယ်လေ .....



(22.11.2019) YGN

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ