သိုသိုသိပ်သိပ် တိတ်တိတ်ကလေးလွမ်း

ပြန်မလာမယ်မှန်း သေချာနေတာတစ်ခုက
ပြင်ဆင်ချိန်များနဲ့တူ ခံနိုင်ရည်စွမ်းမြှင့်လာပြီ..... 

လွှတ်ချခဲ့ပြီးနောက်မှာ 
အဝေးကလွမ်းယုံ သက်သက်ပဲဟာ
ဒီထက်လွတ်လပ်တာ ရှိနိုင်အုံးမလား .....

ကိုယ်အပိုင်သိမ်းထားတဲ့ အလွမ်းများ
ထုတ်ထုတ်ကြည့်တာ တစ်နေ့တစ်ခါ
ရိုးမသွားတာသေချာ.....

ဘယ်သူတွေ ဘာပြောပြော
ယူတို့နှလုံးသား ကိုယ်မငှားပါဘူးလို့
ကိုယ့်အကြောင်းနဲ့ကိုယ်သာ.... 

(30.11.2019) YGN

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ