ကိုယ်ထင် ကုတင်ရွှေနန်းပေါ့ .....

ထူခြားဆန်းပြား မနေပေမဲ့

မေတ္တာများနဲ့မို့

ဆေးစက်ကျရာ အရုပ်ထင်လို့

အဖြူရောင် ကားချပ်ဟာ

လှပတဲ့ ပန်းချီကားဖြစ်လာတယ် .....


စိတ်ကူးနဲ့ နှလုံးအိမ်

အချိတ်အဆက်မိချိန်မှာတော့

အရောင်အသွေးရယ်

ညီညွတ်မျှတ သဟဇာတဖြစ်လွန်းတယ် .....


အဲဒီနောက်မတော့

ငြိမ့်ညောင်း ညင်သာခြင်းတွေနဲ့

ငြိမ်းချမ်းတဲ့ဆီ သူလှမ်းခေါ်တယ် .....


အို ... ရခဲလှတဲ့ လူ့ဘဝမယ်

အိပ်မက်တွေ တကယ်ဖြစ်လာဖို့

အစပြုရာ ဒီနေရာက 

ကိုယ့်အတွက်တော့ ရွှေနန်းတမျှပဲလေ ....။

( ၀၇.၀၇.၂၀၂၀ ) ရန်ကုန်။ 

Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး