တစ်စုံတစ်ယောက်ရဲ့ ခြေအစုံမှာ

အဆင်တန်ဆာဖြစ်တဲ့

လှတပတ အဖိုးကြီးလှ Branded တစ်ခုက

လူ့တန်ဖိုးရယ်အတွက် သတ်မှတ် 

လူရာဝင် လူတောတိုးတဲ့ခေတ်မယ်


အသက်မွေးရာ တူပါသော်လည်း

အဆင်တန်ဆာမှာ ဝန်ကျဉ်းပေါ့ပါး

သူ့ခြေအစုံက သာမန်မျှသာရှိလို့

သူ့တန်ဖိုးသူသိ 

သူခွဲခြားတာ အဓိကနဲ့သာမညမျှသာမို့ ....


လူချင်းတူတူ အသက်ရှူချင်းကွဲကြလို့

ဘဝမှာ မြင်တဲ့အမြင်ရယ် ကွဲကြပြန်တယ်

တန်ဖိုးထားမှုလည်း မတူကြလို့

မတူ ကွဲပြားခြင်း ရဲ့နောက်မှာ

မိန်းမ၊ ယောက်ျား ထူးမခြားနား

ဦးတည်ရာလမ်း မပျောက်တမ်းပဲ

လျှောက်ကြရင်းပေါ့လေ .....။

( ဖိနပ်ကလေးတစ်ရံနဲ့ လူတန်ဖိုး အကြောင်း ဆက်စပ်တွေးမိတဲ့ အတွေးတစ်စ )
(၁၁.၀၇.၂၀၂၀) ရန်ကုန်။ 

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...