အံဩစရာတော့ မရှိပါဘူးလေ

ပဌာန်းဆက်တွေ ရှိနေတာ ခုချိန်ထိ

အတွေးတူ အမြင်တူတာတွေက

အကြောင်းတရားတစ်ခုပဲပေါ့ ....


လိုအပ်ချက်နဲ့ လိုချင်တာခွဲခြားသိလို့ရယ်

ရင်ဘတ်ချင်းနီးသူချင်းသာ သိတဲ့ဒီလမ်းဟာ

ယုံကြည်ခြင်းနဲ့ ပဋိညာဉ်တစ်ခုအခြေပြု

သက်ဆုံးတိုင်ထိ သွားကြရအုံးမယ်လို့

ခိုင်မြဲတဲ့သစ္စာတွေ ထားလို့ရယ်

ရှေ့ဆက်ရဦးမယ် .....


ခရီးလမ်းရယ် ချောမွေ့မှုက

ရာနှုန်းပြည့်တော့ ဘယ်ရှိပါ့မလဲ

လောကဒဏ်ကို အလဲထိုးဖို့

ဒီတစ်ချီ နောက်ကျလို့ မဖြစ်တာမို့

သက်လုံကောင်းအောင် လေ့ကျင့်စို့ .....။

(၂၇.၀၇.၂၀၂၀) ရန်ကုန်။


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...