စနေမိုးစွေတုန်း သတိရစိတ်တွေက

ထုံးစံတိုင်း ဇာတ်လမ်းပမာ

တွေးစရာများနဲ့ သယ်လာခဲ့တယ် ..... 


အသက်က စကားပြောလာလို့

အတွေးတွေလည်း မာရေကျောရေနဲ့

အရေးမပါမှုတွေ အရာမပေးချင်တော့တာ


ငယ်စဉ်ချိန်ခါမှာတော့ 

ပျော့ပျော့ပျောင်းပျောင်း 

ဖော့ဖယောင်းကဲ့သို့

ခုခါမှာတော့ ယုံကြည်ခြင်းတွေနဲ့

Fighting တွေ Play ဖို့ အဆင်သင့်မို့

သက်လုံကောင်းဖို့ တစ်နေ့တစ်နေ့

အတွင်းအားတွေ ကျင့်လို့ရယ် .....


ဘိန်းမုန့်ဖုတ်နည်းက

နှမ်းဖြူးနည်းလောက်

ပညာသားမပါတဲ့ ခေတ်မယ်

မရောင်ရာ ဆီလူးရင်း 

အနာနဲ့ဆေး တည့်မဲ့ချိန်သာ

မျှော်နေရင်း မောလာပြီလို့ .....။

(စနေမိုးနဲ့ အတွေးများ)
(၁၂.၀၇.၂၀၂၀) ရန်ကုန်။

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...