"သံယောဇဉ်ရှိရာရဲ့ ဟိုးတစ်ဖက်ကမ်းမှာ"


ကိုယ့်သံယောဇဉ်တွေနဲ့ 

သူအေးပါစေ ရည်ရွယ်ရင်း

အတားဆီးမဲ့ မေတ္တာပို့ဝေလို့

ဆန်ပေးလို့ဆီရဖို့သာ မျှော်ကြခေတ်ထဲမှာ

ကိုယ်တစ်ယောက်မပါဘူးဆိုတာ

အချိန်တွေက သက်သေထူလို့ 

ဆယ်စုနှစ်တာ ကျော်လာခဲ့ပေါ့ .....


အမြင်တွေတူ အကြိုက်တူလို့ရယ်

စကားဖောင်ဖွဲ့လို့ တောတောင်ရေမြေ

သဘာဝတွေ အကြောင်း 

ကျွမ်းကျင်ရာ လိမ္မာရာလည်း တစ်ကြောင်းပေါ့ .....


အို လေးဆယ်ကျော်တို့ရဲ့ ခရီးလမ်းမှာ

အဓိကက ကျန်မာခြင်းက လာဘ်တစ်ပါးမို့

Life style တွေထဲမှာ အနေအထိုင်တတ်ဖို့လည်းလိုပြန်တာမို့

အချင်းချင်း သတိတွေပေးကြရင်းပေါ့ .....


ခေါင်းက ဆံပင်ဖြူတွေ အလံထူလာတိုင်း

စိတ်တွေပါ ပိုပိုဖြူလာနိုင်ရင် ကောင်းမယ်

ခြင်ဆီတွေမခမ်းခြောက်ရေး ဒို့အရေး

အမြင်တွေပိုပို မမွဲလာဖို့အရေး ဒို့အရေး

အရာရာ စိတ်ချလက်ချ နေထိုင်စားသောက်ဖို့အရေး တွေးကြရင်း

နေဝင်ချိန်မှာ လောကကို အလှဆုံးပြုံးပြရင်း

ငြိမ်းအေးရာဆီ တစ်နေ့ပြီးတစ်နေ့

ဖြေးဖြေးနဲ့မှန်မှန် လျှောက်ကြမယ်ကွယ်  ....။

(၂၂.၀၇.၂၀၂၀) ရန်ကုန်။

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...