စကားလုံးတစ်ချို့ ဘရိတ်အုတ်လို့

ဘယ်ဖက်ရင်အုံက တစ်ဒုတ်ဒုတ်မြည်တယ်.....


စိတ်မကောင်းခြင်း တေးသွားတစ်ပုဒ်နဲ့

အိပ်မက်တွေကို ပြန်ဖုံးအုပ်

လက်တွေ့မှာ ဖြစ်မလာဖို့

အကြိမ်ကြိမ်ဆုတောင်းခဲ့တယ် .....



နေတတ်သလိုပဲ နေခဲ့ပါတယ်

ချီးမွမ်းခြင်းမှာ မသာယာမိဖို့

ကဲ့ရဲ့ခြင်းလည်း ခဏတာဆိုတာ

ပိုပိုသိလာခဲ့လို့ မတုန်မလှုတ်

ကျောက်ရုပ်သာသာ ခေါင်းကြောက မာမာနဲ့

နဖူးရေဒူးရေကတော့ 

စမ်းကြည့်မှ အသားမာတွေက အတိုင်းသား .....


အရှိန်အဝါတွေရဲ့ကြားမှာ 

နဂါးမှန်းသိအောင် အမောက်ကလေးတသသနဲ့

တစ်ခါတစ်ခါမှာ တန်းခိုးတွေလည်း ပြလို့

တစ်ခါတစ်ခါမှာတော့ ကြောင်လက်သည်းဝှက်ထားရသလို

တိတ်တိတ်ကလေးနဲ့ပဲ ကိုယ် နေသွားမယ် .....။


(၂၁.၀၇.၂၀၂၀) ရန်ကုန်။ 

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...