စစ်မှန်တဲ့လမ်းဆီသို့ .....

အဆင်ပြေပါတယ် ပျော်နေပါတယ်လို့

ကြားရသူဖေမေ စိတ်နှလုံးရွှင်ပြုံး

ရတက် အေးစေလိုရင်းမို့

အဖြူရောင် မုသားတွေသုံးလို့

ဘဝတွေ ရှေ့ဆက်ရသူတွေ ရှိတယ် .....


စိတ်က တောင်ယာဆီရောက်

အာရုံတွေနောက် တကောက်ကောက်လိုက်ရင်

ဘဝလမ်းမယ် 

အဆင်ပြေဖို့လည်း ခက်လှတယ်ဆိုတာ

မောင်ညီမလေးတွေကို ပြောပြချင်လို့ .....


စိတ်ကူးတွေ အကောင်အထည်ဖော်ဖို့

လက်တွေ့ကျဖို့သာ လိုလို့

တွေဝေမှု ဝင်္ကဘာထဲက

အမြန်ရုန်းထွက်ဖို့လည်း လိုပြန်တာ .....


တစ်ကိုယ်တည်း ကောင်းဖို့အရေး

မင်း  မတွေးစေချင် ...

အတ္တတွေ ထူထောင်လို့

ကိုယ့်အတ္တနဲ့ကိုယ် ချောင်ပိတ်မိမှ

ရုန်းထွက်ဖို့ကြိုးစားရ ခက်လှတာမို့

စစ်မှန်တဲ့လမ်းရဲ့  ဦးတည်ရာဆီသာ

သွားဖို့ရည်စမ်းပါကွယ် ......

(၁၁.၀၇.၂၀၂၀) ရန်ကုန်။

Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး