ကပ်ရောဂါရယ် နှိပ်စက်လွန်းတော့
တစ်ဝမ်းတစ်ခါး အတွက်
အသက်မွေးမှုရယ် ခက်ခဲလာ
ရပ်တည်ရာတွေ ပြောင်းလို့
အကြံတွေတူလို့ရယ် ဈေးရောင်းကြတယ် ....

ပေါ်ပင်မှာ ပျော်ဝင်နစ်ကြတယ်
တစ်ချို့လည်း ခေတ်နောက်အမှီလိုက်
အများအကြိုက် လိုက်ရှာရတာ
ကိုယ့်ကိုယ်ကိုယ်တောင် ပျောက်လုပျောက်ခင် .....

ကိုယ့်အသက်မွေးမှုနဲ့ ကိုယ့်ရပ်တည်ချက်ရယ်
ထပ်တူမကျနိုင်ပြီမို့
တစ်ကိုယ်တော်လည်း ဈေးရောင်း
ကိုယ့်ကိုယ်ကိုယ် အရောင်တင်ရင်း
ဈေးသည်ဘဝ တစ်ခဏပဲဖြစ်ကြပါစေ .....။
(၁၇.၀၇.၂၀၂၀) ရန်ကုန်။

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...