ဘဝတာမှာ .....

တစ်ဖက်စောင်းနင်းနဲ့ ဘဝတွေများ

ခုတ်ရာတခြား ရှရာတလွဲတွေနဲ့

ခုနေလွဲတာလဲ လွဲစေအုံးပေါ့

မျှော်နေဦးမယ် မနက်ဖြန်များအတွက်

တစ်နေ့စာ တစ်နေ့တွက်သာ

ကျော်ဖြတ်ကြရင်းနဲ့ကွယ် .....


ဖြေးဖြေးမှန်မှန်လျှောက်ခဲ့ကြ

တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ .....


ဘဝတာမှာ

လွယ်အိတ်လိုလူနဲ့လည်းကြုံရမယ်

နှုတ်ဖျားမှာ ပျားရည်လူးထားသယောင်နဲ့

အဆိပ်တွေအပြည့်နဲ့ ပညာတွေကြွယ်တဲ့

လူတွေနဲ့လည်း တွေ့ရလိမ့်မယ် .....


မင်းဖက်ကကြည့်တော့ လက်ဖဝါး

သူ့ဖက်ကကြည့်တော့ လက်ဖမိုးရယ်

နှစ်ဖက်အမြင်နဲ့ သူ့နေရာလည်း ဝင်ခံစားလို့

အဖြူအမဲရယ်မခွဲ မူမှန်သူရယ်ဖြစ်ဖို့

ဟန်ကိုသာထုတ် အမှန်မလုပ်တဲ့ ရပ်ဝန်းကို

အမှန်အကန်မထင်မိဖို့ သတိမူ

ဟန်ဆောင်အလွှာတွေကို ဖယ်

အပြောမဟုတ် အလုပ်နဲ့ရယ်

သက်သေထူကြမယ်လေကွယ် .....။

(၁၄.၀၇.၂၀၂၀) ရန်ကုန်။ 


Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး