လောဘ၊ ဒေါသ၊ မောဟတွေရယ်
တစ်နေ့ပြီးတစ်နေ့ 
တိုးတိုးလာကြ ဒီလောကဝယ် .....

တစ်ချို့က လောဘသမုဒ္ဒရာထဲ
လက်ပစ်ကူးလို့ ကမ်းမမြင်လမ်းမမြင်နဲ့
သောကပင်လယ်ဝေလို့ ကောင်းတုန်း .....

ဒေါသ၊ မောဟ ဝင်္ကဘာတောမှာ
တစ်ချို့ လမ်းပျောက်လို့
ဆင်ကန်း တောတိုးသလိုတိုးရင်း .....

တကယ်တမ်းတော့
မြင်းမိုရ်တောင်လောက်ကြီးတယ် ထင်တဲ့ကိစ္စတွေက
အချိန်တစ်ခုရောက်တော့ ဇီးစေ့လောက်သာသာ
ဖြစ်ပြီးပျက် အနိစ္စသဘောနဲ့ မမြဲနေတာများ
ဖက်တွယ်ထားစရာ ဘာမှမရှိတဲ့
မမြဲခြင်းတရားလို့ ဆင်ခြင်ကြဖို့သာလိုမယ်လေ .....။

(၁၉.၀၇.၂၀၂၀) ရန်ကုန်။

Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး