မျက်ရည်များအကြောင်း

ဟိုးအတွင်းထဲက အချက်ပြ
တားဆီးကာမရ ထွက်ကျလာသည်
မျက်ရည်များက စိတ်ဝယ်ခံစား
မတူကွဲပြား ရှိလေသည် .....


မချိတင်ကဲ နာကျင်စရာများနဲ့
အားငယ်မိတဲ့ အချိန်တွေမယ်
မျက်ဝန်းက မျက်ရည်တွေက
သက်သေတည်လို့ရယ် .....


ရယူခြင်းနဲ့ ပေးဆပ်ခြင်းတွေကြုံလာ
တုန့်ပြန် မေတ္တာတွေနဲ့
ပီတိရင်ဝယ် စီးဆင်းလေသောခါ
မျက်ဝန်းထဲမှာ  သူက နေရာယူပြန်တယ် .....


ပူဆွေးဆူကြွ တသသနဲ့
ရင်တွင်းရှိုက်ကာ စိတ်အစဉ်မှာ
တဒင်္ဂမျှ ဖြေလျော့လေတော့
တသွင်သွင်စီးကျခဲ့ပြန်ပေါ့ .....


နောင်တရင်ဝယ် ပြင်းပြလွန်းစွာ
ဖြစ်လာတဲ့အခါ မျက်ဝန်းစိုစိုမှာ
တွဲလဲခိုလို့ ဒီမျက်ရည်များက
သမားတော်အလား ကုစားခဲ့ရပြန်  .....


အပြုံးမျက်နှာထက် မျက်ဝန်းစိုစိုမှာ
ကျလုကျခင် ဒီမျက်ရည်များလည်း
မျိုသိပ်ကာသာ သိမ်းခဲ့ရပြန်ပေါ့ .....


ဘဝလမ်းဝယ် ကျခဲ့လေသော
ဒီမျက်ရည်တွေကို သရုပ်ခွဲ
အားတစ်ခုအဖြစ်သာ ခံယူလို့
အစွန်းနှစ်ဖက် ရှောင်ဖို့ရည်ရွယ် .....။

(၀၄.၀၇.၂၀၂၀) ရန်ကုန်။ 



Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...