Posts

ကမ္ဘာမြေအတွက် သစ္စာဆုတောင်း

ငါ့ကမ္ဘာမြေအတွက် ငါ့အသွေး ငါ့အသား ငါ့နှလုံးအိမ်ထဲ ငါ ... ရိုးသားခြင်း သစ်ပင်ပဲစိုက်ခဲ့တယ် ဒီအသီးကိုပဲ ငါမျှော်လင့်စားသုံးမယ် ဒီသစ်ပင်က ထုတ်လွှတ်တဲ့ အောက်စီဂျင်နဲ့ ငါအသက်ရှင်ချင်တယ် ... ငါ့ သစ္စာတရားက လူသားတို့အပေါ်မှာ လွှမ်းခြုံလို့ သိက္ခာကို ရိက္ခာနဲ့မလဲ စည်းစိမ်ဥစ္စာတို့လည်း နိစ္စမမြဲတည်း ဓမ္မတာမို့ ငါ့ ခံယူချက်တို့ မပြို မလဲ ခိုင်ကျည်ခြင်းတရားနဲ့သာ ငါ ... မွေ့လျော်လိုတယ်။ အဖြူဟာ အဖြူနဲ့ရောလို့ သူ့မှာ စွန်းထင်းမှုကင်းတယ် အဖြူရောင်သက်သက်မှာ ရောချင်ရော အဖြူပဲအရောခံမယ် .... နေ့စဉ် မပြတ် ကျင့်ကြံအားထုတ်ခြင်းအတွက် ဒီတောင်းဆုလေး ပြည့်ပါစေ ... လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ ... အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ.... ဆင်းရဲလိုခြင်းအချင်းချင်း  ကင်းရှင်းကြပါစေ ... ။ February 06, 2022.(SUN)
နှလုံးဘဝင်မှာ အချိန်အခါမဲ့ ရွာတဲ့မိုးက အစိုးမရဆိုးလှတယ် ... ပျော့ပျောင်းတဲ့အသံမှာ အားမာန်မပါဘူးလို့ ဘယ်သူပြောသလဲ .... တိုးလျှိုးတောင်းပန်စရာမလို အမှန်တရားသာ သိစေလို .... မျိုးဆက်တွေဟာ အိပ်မက်တွေကို ဈေကြီးပေးဝယ် တစ်ချို့... ကောင်းကင်ပေါ်က ကြယ်တွေကို ဆွတ်ခူးဖို့ ခရီးဝေး ထွက်သွားကြတယ် .... တို့ဘဝတွေ ဆေးမြီးတိုနဲ့ ကုနေရုံနဲ့ ကျေနပ်လို့ ဖြစ်ပါ့မလား ဤခရီးက နီးလာပြီလား ... ရပ်ပစ်လို့မဖြစ်ဘူး ... ရပ်ပစ်လို့မဖြစ်ဘူး ... အချိန်ဆိုတဲ့ သမားတော်က ကုစားပေးလိမ့်မယ် သေချာတဲ့ မနက်ဖြန်တွေအတွက် လဲကျခဲ့လည်း ကုန်းထဖို့လိုဦးမယ် ..... တစ်ချို့က အနေအစားချောင်တဲ့ ဘဝတွေမှာ အပေါစားပျော်ရွှင်မှုတွေနဲ့  နှစ်သိမ့်ရင်း မျှော်လင့်ရင်း ထမ်းပိုးရင်း ရှေ့သို့ သာ လှမ်းကြည့်စေလို ..... တံခါးခေါက်နေပြီ အရုဏ်ဦးဟာ နိမိတ်ကောင်းတွေ သယ်လာခဲ့ သားရွှေအိုးထမ်းလာ လမ်းခုလတ်မှာ .... ခမ်းနားတဲ့သစ်ပင်ရိပ်အောက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ခိုနားနိုင်ကြဖို့ အမှိုက်ကအစ ရှင်းလင်းကြအုံးစို့။ February 06, 2022 (SUN)

ပြန်ဆုံမယ်

  ဖော်ရှာဝေး    မျှော်ကာငေးရင်း     ပြန်လာမဲ့ရက်   မျှော်လင့်လျှက် မေ့ပျောက်ဖို့ခက်   အချိန်ဆိုတဲ့ငှက်  .... အလွမ်းအာရုံထဲက  အလွမ်းစကားပါး   ဒီတစ်ခါ   လွမ်းနေယုံပဲလား  ..... သံသယမပို   သူ့အကြောင်းကိုဆို ကောင်းကျိုးသာရစေလို စိတ်မှာသို   သူ့နောက်က   အရိပ်ပမာလို   .... နားလည်စာနာ   အပြစ်မဆိုရက် ပြန်ဆုံကြမယ်   မျှော်လင့်လျှက်  .... January 20, 2022. 

နွေဦးရဲ့တေးသွား

စကားလုံးတစ်ချို့  တီးတိုးရေရွတ်သံကြားရ ဒါဟာ ရုန်းကန်သံပဲလို့ ... ဇာတ်လမ်းရဲ့ စ,လယ်,ဆုံးမှာ ရင်ဘတ်ချင်း နီးသူတွေနဲ့ အမှောင်တွေထဲက ဆိုနေကြတဲ့ နွေဦးရဲ့တေးသွားဟာ ဂန္တဝင်မြောက်စွာ ... ​နှလုံးသွေးများနဲ့ အရင်းအနှီးပြု ဒီအောင်ဆုဆိုတာ ဘာနဲ့မှ မလဲနိုင်တာ အသေအချာ ...။ သက်တန့်လွှာ

နှစ်သစ်အဓိဌာန်

သွားလိုရာခရီးလမ်းမှာ ပြိုင်တူတွန်းကြရင်း အလဲလဲ အကွဲကွဲ ဒဏ်ရာတွေမမှုအား ပေးဆပ်မှုတွေနဲ့ အရွေ့ပေါင်းများစွာ..... ပိတ်ထားတဲ့တံခါးများလည်း ပွင့်လာမှာ မျှော်လင့်ချက်အလင်းရောင်တွေနဲ့ ဖြောင့်မတ်မှန်ကန်ခြင်း ဝတ်ရုံကိုဝတ် ငါတို့ ... ပိုပြီးတော့ သန်မာကြမယ် .... မဆုံးသေးတဲ့ခရီးရှည်တွေ ဖြတ်ကျော်ရင်း နှစ်သစ်များမှာ ဖွေးသောလက်တွေနဲ့ အနာဂတ်ကို တည်ဆောက်ဖို့ အားယူကြမယ် ... (၁.၁.၂၀၂၂) ရန်ကုန်။

မျှော်ကြည့်မိခြင်း

တည်ဆောက်ခြင်းနဲ့ ပြိုလဲခြင်းရဲ့အကြောင်း လင်းလက်တောက်ပမှုနဲ့ အမှောင်တွေရဲ့အကြောင်း မေ့မေ့ပျောက်ပျောက်ဖြစ်ဖို့ ယူခဲ့ရတဲ့အချိန်တွေရယ် .... ယုံကြည်ချက်က ကျောက်ဆောင်ပမာ အစွမ်းကုန် စွန့်လွှတ်မှုတွေဟာ လွှတ်ထားတဲ့ စွန်ကလေးဆီ အပေါ်ကိုမျှော်ကြည့်ရင်း မြေပြင်က ရစ်ဘီးလေးပိုင်ရှင်ရဲ့ ခံစားမှုလို .... ဝမ်းသာဝမ်းနည်းရတာတွေကို သရုပ်ပါပါနဲ့ ဖော်ပြမစွမ်းနိုင်သူအဖို့ ကန့်လန့်ကာရဲ့နောက်ကွယ်မှာ မျက်ရည်စတွေနဲ့ ..... နာကျင်မှုတွေကို ချေဖျက်လို့ တောက်ပလာမဲ့ အနာဂတ်အတွက် လက်ချိုးရေတွက် ....။ September 18, 2021

ဆွဲနှုတ်ပစ်တဲ့ဆူးတစ်ချောင်း

လျှောက်ခဲ့ပါတယ်   ဒီလမ်းအတိုင်း နာကျင်ခံရခက်စရာ   အကြောင်းတရားဟာ နှုတ်ရခက်တတ်တဲ့   ဆူးတစ်ချောင်းလို မညှာမတာ   အခါခါမနာကျင်စေချင် တစ်ခါတည်းသာနာပါစေ ဆွဲနှုတ်ပစ်နိုင်ဖို့   ကိုယ်  ...  အမြဲကြိုးစားတယ်။   ငယ်စဉ်ခါက   လိုက်မမှီခဲ့တဲ့စကားလုံးတစ်ချို့က  ..... ခုချိန်မှာ   အံဝင်ခွင်ကျလို့ ပုရွက်ဆိတ်ကလည်း   သူ့အစွမ်းရှိသလို ပုစွန်ဆိတ်ရဲ့စူးကလည်း   နာကျင်စွမ်းစေတာပဲ   ။   အားကြီးခြင်း   အားနည်းခြင်းတိုင်းတာတဲ့အခါ တိုင်းတာရာ   စံပေတံမတူ   မတူညီမှုတွေကြောင့် တန်ဖိုးထားမှုတွေ   ခြားနားလှတယ်  .... ။ ဘဝစာသင်ကျောင်းမှာ အမှတ်ကောင်းကောင်းရဖို့ နိယာမတရားတွေ   နောကျေမှ  ..... ။ ပြုသူအသစ်   ဖြစ်သူအဟောင်း ကြွေးဟောင်းကိုသာ   အကျေဆပ်ပါရစေ ကြွေးသစ်ကိုတော့   ကိုယ့်မှာ   မလိုပြီ  .... ။ လူအချင်းချင်း   လှည့်ပတ်ခြင်း   ကင်းကြပါစေ  .... အထင်သေးခြင်း   အချင်းချင်း   ကင်းကြပါစေ  .... မလိုစိတ်ထား   အမုန်းပွားခြင်း   ကင်းကြပါစေ  ..... ။ ...