Posts

အမာခံဆိုတဲ့အဓိပ္ပါယ်

Image
အမာခံဆိုတာ မပြောင်းမလဲ ခိုင်မာတဲ့သဘောပဲ မဟုတ်လား သူလုပ်သမျှ ကောင်းကျိုးလိုရာ သာယာပါစေ ရည်သန်ကာလေ သူ့ဖက်မှသာ အမြဲရှိနေတာမျိုး .... သွေဖီခြင်း ကင်းသော အစွန်းအထင်း ကင်းသော ဘယ်အရာနဲ့ မှ မရောထားတဲ့ အဖြူရောင် တစ်မျိုးဖြင်းသာ စိတ်ခွန်အားပေး အမြဲ ရှိနေခြင်းမျိုး ..... မှန်တယ်ထင်ရာ သူလျှောက်လှမ်းကာ လမ်းတစ်လျှောက်မှာ ဖေးမခြင်းနဲ့သာ ထင်ပေါ်စရာ ဒီကမ္ဘာမှာ သူ့အတွက် မလိုတာ လက်ခံလို့ ဦးတည်ရာသာ ထင်ရှားစေကာ အလင်းဖက်မှာ ရပ်တည်ခြင်းမျိုး ..... (30.8.2019) YGN

ကျေနပ်ပါတော့

Image
ကျေနပ်ပါတော့လေ ဘာအတွက်ကြောင့်များ ငါ့ကို အိုဗာတင်းတွေ သိပ်မခင်းချင်ပါနဲ့ သွားကြတဲ့လမ်းမှာ ရိုးဖြောင့်စွာ လုံကြီးတင်ကို ဆံမခတ်ပဲ ဒီအတိုင်းလေးပဲ ထားရအောင် ........ စွန့်ခွာခြင်းရဲ့ ပြယုဒ်တစ်ခုနဲ့ ဆင်ကန်း တောတိုးမဟုတ် ငါ... ဒီလိုပဲ တွေးတာပါ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ဖို့ အဓိကမဟုတ်လား ...... စိတ်ရဲ့ ခွန်အားနဲ့ ပင်လယ် သမုဒ္ဒရာ အထပ်ထပ် ငါလေဖြတ်လို့ မိုးကုတ်စက်ဝိုင်းအထိလဲ ရောက်အောင်ထွက်သွားမယ် ........ ပြတ်သထက်ပြတ်အောင် ဒီထက်ပိုတော့ မတတ်နိုင်ပြီ ......... သိဘို့ .... (24.8.2019) SAT

ရေစက်

Image
‌ ပြန်ဆုံဖို့ကြိုးစားကြရင်း တို့နှစ်ဦး ရေစက်က ဒီမျှသာ ...... စည်းဝိုင်း အတွင်းကနေ မင်းနဲ့တို့ ဦးတည်ရာက ဆန့်ကျင်ဖက်သို့ ကိုယ်စီ တစ်နေ့ထက် တစ်နေ့ ဝေးသထက် ဝေးလာလို့ ..... ဒါဟာ မာနလို့ဆိုချင်ဆို တကိုယ်ရေ လွမ်းဆွတ်မှုဟာ မင်း သိခြင်း မသိခြင်းပေါ် မမျှော်ခဲ့မိတော့တာ ကြာပေါ့ .......... အဖော်မဲ့နေ့တွေကို အံတု အရာရာ နေသားတကျကိုဖြစ်လို့ ........ သံသရာ စက်ဝိုင်း တစ်ပါတ်လည်မဲ့ချိန် ဆုံမှတ်တစ်ခုမှာတော့ တို့နှစ်ယောက် ဆုံနိုင်ကောင်းရဲ့ ........... အဲ့ဒီအချိန်ကျတော့ အခြေအနေတွေဟာ အဟောင်းက အသစ်ဖြစ်လာမလား မရေရာလေတော့........... သေချာတာ တစ်ခုက ခုချိန်မှာတော့ မင်းနဲ့တို့နှစ်ဦးသား ဝေးရာ အရပ် ကိုယ်စီနှင်လို့ ............... (23.8.2019) YGN

ထွက်သွားပါ

Image
နင်မသိပဲ ကျခဲ့တဲ့ ငါ့မျက်ရည်တွေ အဖြစ်ပျက်များဟာ မနေ့တစ်နေ့ကလို ဒီရင်မှာ ထင်ကျန်နေ ............. နေပါစေလေ မတားချင်ပါဘူး နင်လိုရာ နင်ပျံသန်းဖို့ အမြင်တွေ မတူတော့လို့ အခွင့်အရေးလေး ပေးပါတယ် နင်ထွက်သွားပါ ........ နင်ရေးခဲ့တဲ့ သမိုင်း မရိုင်းပါစေနဲ့လို့ပဲ ငါလေဆုတောင်းခဲ့ နောက်ဆုံးတော့မှ ငါ့ဆီ ပြန်မလာဖို့ ရင်ထဲနင်အမြဲ မှတ်ယူစေချင်လို့ ............ တကယ်တော့ ဘယ်သူမှ မမှားခဲ့ပဲ ဒီကြံကမ္မာကိုပဲ အပြစ်ဖို့ကြစမြဲ အနေတွေဝေးတိုင်းလဲ အဝေးနေမဖြစ်နိုင်တာ ငါလေ ဒီလို ယုံကြည်နေဆဲ ............ (20.8.2019) YGN

ပီတိ

Image
တမိုးသောက်လို့ တစ်နေဝင်ခဲ့ပြီ တစ်နေ့တာမှာ လည်ပတ်စွမ်းအား ရှုတ်ထွေးမှုများ ရှင်းအောင်ပြုလို့ အမောများလည်း ပြေစေခဲ့ပြီ ........... ထို့နောက်တဖန် နေ့သစ်အတွက် မင်္ဂလာရှိစေ အားအင်ပြည့်စေ အပြုံးတစ်ခု လက်နက်ပြုကာ လျှောက်ရပေဦးမည် ............ ဦးတည်ရာသို့ သွားရာလမ်းမှာ သတိတစ်ခု နေ့စဥ်ပြုလို့ နီတိ လိုက်နာ ကျင့်သုံးမှန်မှ ဘဝတာမြင့် ဘဝင်တင့်စေ ............ လောဘ မူလ သဘာဝကား ပြည့်ရိုးထုံးစံ မရှိသည်မို့ ရောင့်ရဲ ခြင်းနှင့် ဆန့်ကျင်ပြီ .......... မရှိမရှား ပီတိစားလည်း အားရှိဘိသို့ ခံယူချ င်လည်း မရှိရှားတော့ ပီတိမစားနိုင်တာ သဘာဝမို့ ကတိစကားများလည်း ရေပေါ်အရုပ်ရေးခဲ့သူလို လောကပါလဆန့်ကျင်ပြီ ............... ထိုဖြစ်စဥ်အား ‌စောကြောသုံးသပ် မြင်မိသည်ကား လောဘသမား ပီတိမစား အားမရှိတာမို့ အားအင်ပြည့်ဖို့ ပီတိဆေးသာ မှီဝဲရန်ဟု .................. (20.8.2019) 12:00 AM

အလင်းရှင်

Image
သူ ပေးခဲ့သမျှ အရာရာတိုင်းဟာ ကိုယ့်အတွက် ခွန်အားများစွာ ............. မရေရာတဲ့ ကိုယ့်စိတ်များဟာ သူပေးတဲ့ အသိတစ်ခုကြောင့် ရှင်းထုတ်ကာ လွတ်မြောက်ခဲ့ရ လောက လမ်းမှာ......... ဒီလိုနဲ့ပဲ ဘဝတစ်ခုရဲ့လမ်းမှာ လိုပါတယ် ကိုယ့်အနီးနားမှာ အလင်းပေးမဲ့ အလင်းရှင်သာ ............ အရာရာ သူပိုင်စိုးလို့ ယုံကြည်အားကိုး ပိုတိုး၍သာ အနက်ရှိုင်းဆုံး တစ်နေရာမှာ တန်ဖိုးထားရင်း နေထိုင်ဖို့ ကြိုးစားရာ ............ ဒီလိုနဲ့ ရှင်သန်ရာ ခိုလှုံရာ ကမ္ဘာငယ်ဟာ နှစ်လိုစရာများနဲ ပြည့်ဝစုံလာ မနက်ဖြန်တိုင်း အတွက်မှာ အားသစ်များနဲ့ လူသားတစ်ယောက်အဖြစ် တည်ဆောက်လို့သာ ............... (18.8.2019) YGN

ဆုတောင်း

Image
ဆုတောင်းမိတယ် ......... မလိုတစ်မျိုး လိုတစ်မျိုးသာ ဆက်ဆံခံရ ဒီဘဝမှာ ရှိခဲ့ငြားလည်း နောက်နောင်ဘဝ ကင်းပါစေ .......... အံ့သြစရာ နောက်ထပ် မမျှော် အရှိအတိုင်းမှန်စွာ ငါ လျှောက်လှမ်းမှာ ........... လှည်မကြည့် ငဲ့မကြည့်ဖို့ ယူနိုင်သလောက်ယူမှာ ဒီသင်ခန်းစာတွေနဲ့ငါ ........ ကျေညက်လွန်းမက ကျေလို့ ကိုယ်နဲ့ယှဥ်ကာ သူတစ်ပါးကို ငါလေ စာနာစွာ ဆက်ဆံလို့ ထပ်တူ အကျိုး ရစေလို ........... ယခုဘဝ လက်ရှိချိန်ခါ ကြုံခဲ့ဖူးလို့ ကျေပြီလို့သာ ငါလေ မှတ်ယူမှာ ............ (17.8.2019) YGN