အံဩစရာတော့ မရှိပါဘူးလေ ပဌာန်းဆက်တွေ ရှိနေတာ ခုချိန်ထိ အတွေးတူ အမြင်တူတာတွေက အကြောင်းတရားတစ်ခုပဲပေါ့ .... လိုအပ်ချက်နဲ့ လိုချင်တာခွဲခြားသိလို့ရယ် ရင်ဘတ်ချင်းနီးသူချင်းသာ သိတဲ့ဒီလမ်းဟာ ယုံကြည်ခြင်းနဲ့ ပဋိညာဉ်တစ်ခုအခြေပြု သက်ဆုံးတိုင်ထိ သွားကြရအုံးမယ်လို့ ခိုင်မြဲတဲ့သစ္စာတွေ ထားလို့ရယ် ရှေ့ဆက်ရဦးမယ် ..... ခရီးလမ်းရယ် ချောမွေ့မှုက ရာနှုန်းပြည့်တော့ ဘယ်ရှိပါ့မလဲ လောကဒဏ်ကို အလဲထိုးဖို့ ဒီတစ်ချီ နောက်ကျလို့ မဖြစ်တာမို့ သက်လုံကောင်းအောင် လေ့ကျင့်စို့ .....။ (၂၇.၀၇.၂၀၂၀) ရန်ကုန်။
Posts
Showing posts from July, 2020
- Get link
- X
- Other Apps
By
သက်တန့်လွှာ
-
ကြက်ဥအရောင် တိမ်တောင်သဖွယ် ခန့်မှန်းရခက်စွာ လိုက်လို့မမှီ တွေးမပီ သူ့အခင်းအကျင်းနဲ့သူမို့ ယုံကြည်ခြင်းနဲ့သာ ဝန်းရံလို့ ငါတို့ရှေ့ဆက်မည် .....။ ..... မှတစ်ပါး အခြားမရှိမို့ ကွဲကွဲပြားပြား သိဖို့လိုပြီကွဲ့ ခရီးဆုံးထိ ရောက်အောင် ဒီရထားနဲ့သာ အမှီလိုက်ခဲ့ ..... အနေအစားချောင် သက်သာရာလည်း မလိုက်ကြတယ် လူဟောင်းတို့လည်း မူပြောင်းလို့ ပိုကောင်းမဲ့ မနက်ဖြန်များရယ် ကြုံချင်သေးတယ် ..... ။ (၂၄.၀၇.၂၀၂၀) ရန်ကုန်။
- Get link
- X
- Other Apps
By
သက်တန့်လွှာ
-
"သံယောဇဉ်ရှိရာရဲ့ ဟိုးတစ်ဖက်ကမ်းမှာ" ကိုယ့်သံယောဇဉ်တွေနဲ့ သူအေးပါစေ ရည်ရွယ်ရင်း အတားဆီးမဲ့ မေတ္တာပို့ဝေလို့ ဆန်ပေးလို့ဆီရဖို့သာ မျှော်ကြခေတ်ထဲမှာ ကိုယ်တစ်ယောက်မပါဘူးဆိုတာ အချိန်တွေက သက်သေထူလို့ ဆယ်စုနှစ်တာ ကျော်လာခဲ့ပေါ့ ..... အမြင်တွေတူ အကြိုက်တူလို့ရယ် စကားဖောင်ဖွဲ့လို့ တောတောင်ရေမြေ သဘာဝတွေ အကြောင်း ကျွမ်းကျင်ရာ လိမ္မာရာလည်း တစ်ကြောင်းပေါ့ ..... အို လေးဆယ်ကျော်တို့ရဲ့ ခရီးလမ်းမှာ အဓိကက ကျန်မာခြင်းက လာဘ်တစ်ပါးမို့ Life style တွေထဲမှာ အနေအထိုင်တတ်ဖို့လည်းလိုပြန်တာမို့ အချင်းချင်း သတိတွေပေးကြရင်းပေါ့ ..... ခေါင်းက ဆံပင်ဖြူတွေ အလံထူလာတိုင်း စိတ်တွေပါ ပိုပိုဖြူလာနိုင်ရင် ကောင်းမယ် ခြင်ဆီတွေမခမ်းခြောက်ရေး ဒို့အရေး အမြင်တွေပိုပို မမွဲလာဖို့အရေး ဒို့အရေး အရာရာ စိတ်ချလက်ချ နေထိုင်စားသောက်ဖို့အရေး တွေးကြရင်း နေဝင်ချိန်မှာ လောကကို အလှဆုံးပြုံးပြရင်း ငြိမ်းအေးရာဆီ တစ်နေ့ပြီးတစ်နေ့ ဖြေးဖြေးနဲ့မှန်မှန် လျှောက်ကြမယ်ကွယ် ....။ (၂၂.၀၇.၂၀၂၀) ရန်ကုန်။
- Get link
- X
- Other Apps
By
သက်တန့်လွှာ
-
စကားလုံးတစ်ချို့ ဘရိတ်အုတ်လို့ ဘယ်ဖက်ရင်အုံက တစ်ဒုတ်ဒုတ်မြည်တယ်..... စိတ်မကောင်းခြင်း တေးသွားတစ်ပုဒ်နဲ့ အိပ်မက်တွေကို ပြန်ဖုံးအုပ် လက်တွေ့မှာ ဖြစ်မလာဖို့ အကြိမ်ကြိမ်ဆုတောင်းခဲ့တယ် ..... နေတတ်သလိုပဲ နေခဲ့ပါတယ် ချီးမွမ်းခြင်းမှာ မသာယာမိဖို့ ကဲ့ရဲ့ခြင်းလည်း ခဏတာဆိုတာ ပိုပိုသိလာခဲ့လို့ မတုန်မလှုတ် ကျောက်ရုပ်သာသာ ခေါင်းကြောက မာမာနဲ့ နဖူးရေဒူးရေကတော့ စမ်းကြည့်မှ အသားမာတွေက အတိုင်းသား ..... အရှိန်အဝါတွေရဲ့ကြားမှာ နဂါးမှန်းသိအောင် အမောက်ကလေးတသသနဲ့ တစ်ခါတစ်ခါမှာ တန်းခိုးတွေလည်း ပြလို့ တစ်ခါတစ်ခါမှာတော့ ကြောင်လက်သည်းဝှက်ထားရသလို တိတ်တိတ်ကလေးနဲ့ပဲ ကိုယ် နေသွားမယ် .....။ (၂၁.၀၇.၂၀၂၀) ရန်ကုန်။
- Get link
- X
- Other Apps
By
သက်တန့်လွှာ
-
လောဘ၊ ဒေါသ၊ မောဟတွေရယ် တစ်နေ့ပြီးတစ်နေ့ တိုးတိုးလာကြ ဒီလောကဝယ် ..... တစ်ချို့က လောဘသမုဒ္ဒရာထဲ လက်ပစ်ကူးလို့ ကမ်းမမြင်လမ်းမမြင်နဲ့ သောကပင်လယ်ဝေလို့ ကောင်းတုန်း ..... ဒေါသ၊ မောဟ ဝင်္ကဘာတောမှာ တစ်ချို့ လမ်းပျောက်လို့ ဆင်ကန်း တောတိုးသလိုတိုးရင်း ..... တကယ်တမ်းတော့ မြင်းမိုရ်တောင်လောက်ကြီးတယ် ထင်တဲ့ကိစ္စတွေက အချိန်တစ်ခုရောက်တော့ ဇီးစေ့လောက်သာသာ ဖြစ်ပြီးပျက် အနိစ္စသဘောနဲ့ မမြဲနေတာများ ဖက်တွယ်ထားစရာ ဘာမှမရှိတဲ့ မမြဲခြင်းတရားလို့ ဆင်ခြင်ကြဖို့သာလိုမယ်လေ .....။ (၁၉.၀၇.၂၀၂၀) ရန်ကုန်။
- Get link
- X
- Other Apps
By
သက်တန့်လွှာ
-
ကပ်ရောဂါရယ် နှိပ်စက်လွန်းတော့ တစ်ဝမ်းတစ်ခါး အတွက် အသက်မွေးမှုရယ် ခက်ခဲလာ ရပ်တည်ရာတွေ ပြောင်းလို့ အကြံတွေတူလို့ရယ် ဈေးရောင်းကြတယ် .... ပေါ်ပင်မှာ ပျော်ဝင်နစ်ကြတယ် တစ်ချို့လည်း ခေတ်နောက်အမှီလိုက် အများအကြိုက် လိုက်ရှာရတာ ကိုယ့်ကိုယ်ကိုယ်တောင် ပျောက်လုပျောက်ခင် ..... ကိုယ့်အသက်မွေးမှုနဲ့ ကိုယ့်ရပ်တည်ချက်ရယ် ထပ်တူမကျနိုင်ပြီမို့ တစ်ကိုယ်တော်လည်း ဈေးရောင်း ကိုယ့်ကိုယ်ကိုယ် အရောင်တင်ရင်း ဈေးသည်ဘဝ တစ်ခဏပဲဖြစ်ကြပါစေ .....။ (၁၇.၀၇.၂၀၂၀) ရန်ကုန်။
ဘဝတာမှာ .....
- Get link
- X
- Other Apps
By
သက်တန့်လွှာ
-
တစ်ဖက်စောင်းနင်းနဲ့ ဘဝတွေများ ခုတ်ရာတခြား ရှရာတလွဲတွေနဲ့ ခုနေလွဲတာလဲ လွဲစေအုံးပေါ့ မျှော်နေဦးမယ် မနက်ဖြန်များအတွက် တစ်နေ့စာ တစ်နေ့တွက်သာ ကျော်ဖြတ်ကြရင်းနဲ့ကွယ် ..... ဖြေးဖြေးမှန်မှန်လျှောက်ခဲ့ကြ တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ ..... ဘဝတာမှာ လွယ်အိတ်လိုလူနဲ့လည်းကြုံရမယ် နှုတ်ဖျားမှာ ပျားရည်လူးထားသယောင်နဲ့ အဆိပ်တွေအပြည့်နဲ့ ပညာတွေကြွယ်တဲ့ လူတွေနဲ့လည်း တွေ့ရလိမ့်မယ် ..... မင်းဖက်ကကြည့်တော့ လက်ဖဝါး သူ့ဖက်ကကြည့်တော့ လက်ဖမိုးရယ် နှစ်ဖက်အမြင်နဲ့ သူ့နေရာလည်း ဝင်ခံစားလို့ အဖြူအမဲရယ်မခွဲ မူမှန်သူရယ်ဖြစ်ဖို့ ဟန်ကိုသာထုတ် အမှန်မလုပ်တဲ့ ရပ်ဝန်းကို အမှန်အကန်မထင်မိဖို့ သတိမူ ဟန်ဆောင်အလွှာတွေကို ဖယ် အပြောမဟုတ် အလုပ်နဲ့ရယ် သက်သေထူကြမယ်လေကွယ် .....။ (၁၄.၀၇.၂၀၂၀) ရန်ကုန်။
- Get link
- X
- Other Apps
By
သက်တန့်လွှာ
-
စနေမိုးစွေတုန်း သတိရစိတ်တွေက ထုံးစံတိုင်း ဇာတ်လမ်းပမာ တွေးစရာများနဲ့ သယ်လာခဲ့တယ် ..... အသက်က စကားပြောလာလို့ အတွေးတွေလည်း မာရေကျောရေနဲ့ အရေးမပါမှုတွေ အရာမပေးချင်တော့တာ ငယ်စဉ်ချိန်ခါမှာတော့ ပျော့ပျော့ပျောင်းပျောင်း ဖော့ဖယောင်းကဲ့သို့ ခုခါမှာတော့ ယုံကြည်ခြင်းတွေနဲ့ Fighting တွေ Play ဖို့ အဆင်သင့်မို့ သက်လုံကောင်းဖို့ တစ်နေ့တစ်နေ့ အတွင်းအားတွေ ကျင့်လို့ရယ် ..... ဘိန်းမုန့်ဖုတ်နည်းက နှမ်းဖြူးနည်းလောက် ပညာသားမပါတဲ့ ခေတ်မယ် မရောင်ရာ ဆီလူးရင်း အနာနဲ့ဆေး တည့်မဲ့ချိန်သာ မျှော်နေရင်း မောလာပြီလို့ .....။ (စနေမိုးနဲ့ အတွေးများ) (၁၂.၀၇.၂၀၂၀) ရန်ကုန်။
စစ်မှန်တဲ့လမ်းဆီသို့ .....
- Get link
- X
- Other Apps
By
သက်တန့်လွှာ
-
အဆင်ပြေပါတယ် ပျော်နေပါတယ်လို့ ကြားရသူဖေမေ စိတ်နှလုံးရွှင်ပြုံး ရတက် အေးစေလိုရင်းမို့ အဖြူရောင် မုသားတွေသုံးလို့ ဘဝတွေ ရှေ့ဆက်ရသူတွေ ရှိတယ် ..... စိတ်က တောင်ယာဆီရောက် အာရုံတွေနောက် တကောက်ကောက်လိုက်ရင် ဘဝလမ်းမယ် အဆင်ပြေဖို့လည်း ခက်လှတယ်ဆိုတာ မောင်ညီမလေးတွေကို ပြောပြချင်လို့ ..... စိတ်ကူးတွေ အကောင်အထည်ဖော်ဖို့ လက်တွေ့ကျဖို့သာ လိုလို့ တွေဝေမှု ဝင်္ကဘာထဲက အမြန်ရုန်းထွက်ဖို့လည်း လိုပြန်တာ ..... တစ်ကိုယ်တည်း ကောင်းဖို့အရေး မင်း မတွေးစေချင် ... အတ္တတွေ ထူထောင်လို့ ကိုယ့်အတ္တနဲ့ကိုယ် ချောင်ပိတ်မိမှ ရုန်းထွက်ဖို့ကြိုးစားရ ခက်လှတာမို့ စစ်မှန်တဲ့လမ်းရဲ့ ဦးတည်ရာဆီသာ သွားဖို့ရည်စမ်းပါကွယ် ...... (၁၁.၀၇.၂၀၂၀) ရန်ကုန်။
- Get link
- X
- Other Apps
By
သက်တန့်လွှာ
-
တစ်စုံတစ်ယောက်ရဲ့ ခြေအစုံမှာ အဆင်တန်ဆာဖြစ်တဲ့ လှတပတ အဖိုးကြီးလှ Branded တစ်ခုက လူ့တန်ဖိုးရယ်အတွက် သတ်မှတ် လူရာဝင် လူတောတိုးတဲ့ခေတ်မယ် အသက်မွေးရာ တူပါသော်လည်း အဆင်တန်ဆာမှာ ဝန်ကျဉ်းပေါ့ပါး သူ့ခြေအစုံက သာမန်မျှသာရှိလို့ သူ့တန်ဖိုးသူသိ သူခွဲခြားတာ အဓိကနဲ့သာမညမျှသာမို့ .... လူချင်းတူတူ အသက်ရှူချင်းကွဲကြလို့ ဘဝမှာ မြင်တဲ့အမြင်ရယ် ကွဲကြပြန်တယ် တန်ဖိုးထားမှုလည်း မတူကြလို့ မတူ ကွဲပြားခြင်း ရဲ့နောက်မှာ မိန်းမ၊ ယောက်ျား ထူးမခြားနား ဦးတည်ရာလမ်း မပျောက်တမ်းပဲ လျှောက်ကြရင်းပေါ့လေ .....။ ( ဖိနပ်ကလေးတစ်ရံနဲ့ လူတန်ဖိုး အကြောင်း ဆက်စပ်တွေးမိတဲ့ အတွေးတစ်စ ) (၁၁.၀၇.၂၀၂၀) ရန်ကုန်။
ကိုယ်ထင် ကုတင်ရွှေနန်းပေါ့ .....
- Get link
- X
- Other Apps
By
သက်တန့်လွှာ
-
ထူခြားဆန်းပြား မနေပေမဲ့ မေတ္တာများနဲ့မို့ ဆေးစက်ကျရာ အရုပ်ထင်လို့ အဖြူရောင် ကားချပ်ဟာ လှပတဲ့ ပန်းချီကားဖြစ်လာတယ် ..... စိတ်ကူးနဲ့ နှလုံးအိမ် အချိတ်အဆက်မိချိန်မှာတော့ အရောင်အသွေးရယ် ညီညွတ်မျှတ သဟဇာတဖြစ်လွန်းတယ် ..... အဲဒီနောက်မတော့ ငြိမ့်ညောင်း ညင်သာခြင်းတွေနဲ့ ငြိမ်းချမ်းတဲ့ဆီ သူလှမ်းခေါ်တယ် ..... အို ... ရခဲလှတဲ့ လူ့ဘဝမယ် အိပ်မက်တွေ တကယ်ဖြစ်လာဖို့ အစပြုရာ ဒီနေရာက ကိုယ့်အတွက်တော့ ရွှေနန်းတမျှပဲလေ ....။ ( ၀၇.၀၇.၂၀၂၀ ) ရန်ကုန်။
မျက်ရည်များအကြောင်း
- Get link
- X
- Other Apps
By
သက်တန့်လွှာ
-
ဟိုးအတွင်းထဲက အချက်ပြ တားဆီးကာမရ ထွက်ကျလာသည် မျက်ရည်များက စိတ်ဝယ်ခံစား မတူကွဲပြား ရှိလေသည် ..... မချိတင်ကဲ နာကျင်စရာများနဲ့ အားငယ်မိတဲ့ အချိန်တွေမယ် မျက်ဝန်းက မျက်ရည်တွေက သက်သေတည်လို့ရယ် ..... ရယူခြင်းနဲ့ ပေးဆပ်ခြင်းတွေကြုံလာ တုန့်ပြန် မေတ္တာတွေနဲ့ ပီတိရင်ဝယ် စီးဆင်းလေသောခါ မျက်ဝန်းထဲမှာ သူက နေရာယူပြန်တယ် ..... ပူဆွေးဆူကြွ တသသနဲ့ ရင်တွင်းရှိုက်ကာ စိတ်အစဉ်မှာ တဒင်္ဂမျှ ဖြေလျော့လေတော့ တသွင်သွင်စီးကျခဲ့ပြန်ပေါ့ ..... နောင်တရင်ဝယ် ပြင်းပြလွန်းစွာ ဖြစ်လာတဲ့အခါ မျက်ဝန်းစိုစိုမှာ တွဲလဲခိုလို့ ဒီမျက်ရည်များက သမားတော်အလား ကုစားခဲ့ရပြန် ..... အပြုံးမျက်နှာထက် မျက်ဝန်းစိုစိုမှာ ကျလုကျခင် ဒီမျက်ရည်များလည်း မျိုသိပ်ကာသာ သိမ်းခဲ့ရပြန်ပေါ့ ..... ဘဝလမ်းဝယ် ကျခဲ့လေသော ဒီမျက်ရည်တွေကို သရုပ်ခွဲ အားတစ်ခုအဖြစ်သာ ခံယူလို့ အစွန်းနှစ်ဖက် ရှောင်ဖို့ရည်ရွယ် .....။ (၀၄.၀၇.၂၀၂၀) ရန်ကုန်။