ဆေးတစ်ခွက်ရှာဖွေခြင်း

အနတ္တ အစိုးမရခြင်းများနဲ့

အနည်းနဲ့အများ ချိန်ထိုးကြည့်တော့

မမြဲခြင်းတရားက နေရာတကာ .....


မောဟ မသိခြင်းအမှောင်တွေ

လွန်မြောက်စေဖို့ 

ဉာဏ်ပညာအလင်းနောက်သို့

လိုက်ဖို့ လိုပြီလို့ အချက်ပြတဲ့ခါ .....


အသိတရားတို့  မြဲမြံစေဖို့

သတိဆိုတဲ့ နေအိမ်ကိုတည်ဆောက်လို့

သံသရာ ခရီးသွားတို့ 

ငြိမ်းအေးမှုကို ဖွေရှာ

စိတ်ဒဏ်ရာတွေတွက် အစပ်အဟတ်တည့်မဲ့

ဆေးတစ်ခွက် မတွေ့တွေ့အောင်ရှာ .....။

TTH (24.1.2020)

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ