ကိုယ့်အကြောင်းပြချက်နဲ့ကိုယ်

ဆုံးရှုံးရမှာ ကြောက်စိတ်က

ဒီရင်မှာ ဝင်ဝင်လာခဲ့တော့

တွေးစရာတွေ တစ်ပုံတစ်ပင်နဲ့

ဟောဒီကမ္ဘာကြီး ကျဉ်းတယ်ဆိုတာ

လက်ခံနိုင်ဖို့ တွန့်ဆုတ်ခဲ့တယ် .....။


ကိုယ့်အကြောင်းပြချက်နဲ့ကိုယ်

ရေစက်တွေကုန်ချိန် ရောက်မှတော့

ဘယ်အရာကမှ တားမရတာ

လက်တွေ့တွေလည်း များလှခဲ့ပေါ့ .....။


ဆိုညည်းမိတဲ့ အသည်းကွဲသီချင်းတွေ

ရေးရေးနေမိတဲ့ အသည်းကွဲခြင်းအကြောင်းတွေ

ကိုယ့်စိတ်ကပဲ ကိုယ့်ကိုကြီးစိုးတာမို့

ဒီစိတ်တစ်ခုနဲ့ ကိုယ်ဟာ 

မောဟများရဲ့  အနိုင်ယူခြင်းမှာ 

ကျရှုံးခဲ့လေရဲ့ .....။


အဆုံးသတ်မတော့ 

ကိုယ့်ရဲ့သစ္စာတရားနဲ့

ကြွေးဟောင်းကြေကြောင်း

ကြွေးသစ်မလောင်းမိဖို့

အကြိမ်ကြိမ်သုံးသပ်လို့

မှန်ကန်သောလမ်းပေါ်သာ

ဆက်လျှောက်ဖို့ ကြိုးစားမိခဲ့ပေါ့ .....။

TTH (5.1.2020) 


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ