ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

ကိုယ့်ရင်တွင်းမှာ ဗျာပါဒပွေ
တစ်နေ့ကြုံရမလေ .....

ကိုယ့်အထင်နဲ့ သူ့အမြင် 
ပွတ်တိုက်မိစရာ
ရံဖန်ရံခါ ကြုံနိုင်ငြားလည်း .....

ကြုံခဲ့လေသော်
ရင့်ကျက်စိတ်ထား အားကြီးစွာသာ
ပိုင်းခြားသိမြင် စိတ်ဝယ်တေးမှတ် 
မထားကြလို့
မေတ္တာနှောင်ကြိုး တိုးလို့သာပင် 
ချည်နှောင်စေ ..... 

၃၈ ဖြာ မင်္ဂလာမှ ခန္တီစ နှင့်
သောဝစဿတာ ဤနှစ်ဖြာအား
ကျင့်သုံးလိုက်နာ သစ္စာပန်ထား
ကောင်းကျိုးလိုရာ ပို့သ မေတ္တာ
အခါခါမို့ တူသောအကျိုးရပါစေကြောင်း  ..... 

(ဆင်းရဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ၊ အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ)




၁.၆.၂၀၂၀ (ရန်ကုန်)

Comments

Popular posts from this blog

လီလီပန်းလေး

နံရံတွေမှာ နားရှိတယ် .........

ဝေဒနာပြတင်းတံခါး