အို တစ်ပင်တည်း .....

ဒီလောက်နဲ့ပဲ ကျေနပ်နေမယ်
ရထားတဲ့ အခွင့်အရေးလေး
ပျောက်ပျက်သွားမှာ ကိုယ်စိုးလို့
ခြေတစ်လှမ်းထပ်တိုးဖို့ ကိုယ်မဝံ့ရဲခဲ့တာ ..... 

ဝေးဝေးက လွမ်းရလည်း 
အလွမ်းတွေက ပုံသေနည်းထဲကလို
အဖြေထွက်ပြီးသားမို့
လွမ်းနေယုံ သက်သက်ပဲ ..... 

သံသယတွေနဲ့ ဝေးဝေးမှာ
အနေကြာတော့လည်း 
ထုတ်သုံးစရာ မာနမှ မလိုတော့တာ....  

အေးအေး ဝေးဝေးလေးပဲရှိပါစေ
မေတ္တာတန်းခိုးနဲ့  ကြားလေသွေးလည်း
ရင်ဘတ်ထဲမှာ ရှင်သန်လို့ 
အို...  တစ်ပင်တည်းလည်း ဖြစ်တယ်.....  



TTH (19.1.2020)

Comments

Popular posts from this blog

ပျော်ပါစေ

ကိုယ်ပြုသောကံ ပဲတင်သံသို့ .....