ဟယ်လို .....

ဟယ်လို .....
တစ်ဖက်တည်းက လှုတ်လှုတ်ခတ်ခတ်
ဖန်တီးလုပ်ယူပြီးမှ အဆုံးသတ်မှာ
အေးစက်စက်နဲ့ ပျက်စီးခြင်းသို့ မရောက်စေလို ....

ဟယ်လို .....
နွေးထွေးတဲ့ ဆက်ဆံရေးတစ်ခု
အစပြုလို့  ကြည်နူးမဆုံး
တပြုံးပြုံးမို့  နှုတ်မဆက်ပါရစေနဲ့အုံး .....

ဟယ်လို .....
အကြောင်းပြချက်မသိပဲ ပျောက်ပျက်မသွားဖို့ကို
တိတ်တိတ်ကလေး ကျိတ်ဆုတောင်း
တောင်းတဲ့ဆုတိုင်း ပြည့်စေရယ်လို့
နေနေပါတယ် ကိုယ့်မျှော်လင့်ချက်နဲ့ကိုယ် .....

ဟယ်လို .....
အနိုင်မယူ အရှုံးလည်းမပေး
ဒီထက်ပို နှလုံးအေးအောင် 
ကြံဆောင်လို့ ဟန်မဆောင်ကြကြေးလေ .....။

TTH (2.1.2020)



Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ