တိမ်ပန်းချီ

တိမ်တွေက
အလိပ်လိုက် အထွေးလိုက်နဲ့
ကမ်းမမြင်လမ်းမမြင်ပါပဲ
ငယ်စဥ်ခါက စိတ်ကူးယဥ်ချက်
သူ့ပေါ်ခုံတက်   ကြိုးပုခက်ဖြင့်
ကချင်မိခဲ့ ..... 

ခုနေချိန်ခါ  အတွေးကမ္ဘာတည်ဆောက်
အဝေးကသာ လှမ်းငေး 
ဆွေးချင်တိုင်း ဆွေးလို့ရသားပေါ့..... 


ငေးချင်တိုင်းငေး မြင်မြင်ရာ

တိမ်သားတိမ်စိုင် တိမ်ပန်းချီခြယ်သလို့

ရှစ်ခွင်တိုင်းမှာ ဖြူလွှလွှတိမ်ပင်လယ်ဟာ

ပုံသဏ္ဌန်အမျိုးမျိုးဖွဲ့  မြင်ကွင်းတွေက

ရှုမျှော်လို့ မဆုံးနဲ့ပေါ့ .....

TTH (4.1.2020)

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ