ညီမလေးအတွက် (၂)

ညီမလေးရေ

ဘ၀မှာ လေထန်တဲ့ချိန်

ယိုင်နဲ့စေယုံလောက်နဲ့

လမ်းပျောက်သွားတာမှ မဟုတ်တာ

တစ်ပွဲတစ်လမ်း အကဲတော့ စမ်းသင့်တာပဲလေ။


အရာရာ ပုံကြီးချဲ့ဖို့လည်း မစဉ်းစားနဲ့

လောကမှာ ချိတ်ချင်းချိတ်ချင်းသာ

ငြိတတ်တဲ့ သဘောမို့

သူဖြောင့်ကိုယ်ဖြောင့်နေရင်

ခရီးသွားဟန်လွဲ ခဏတာဖြစ်ဖြစ်

တစ်ဘ၀စာဖြစ်ဖြစ် မိတ်ရင်းပမာ

စိတ်ရင်းတိုင်းသာ ပြုမူကျင့်ကြံ

နေထိုင်ကြည့်ပါ။


အတ္တမပါ နှစ်ဖက်အမြင်နဲ့ 

မြင်ကြည့်ကြည့်ပါ

ရိုးရှင်းစွာတွေးလို့ ပူလောင်မှုနဲ့

မိတ်သဟာရ မဖွဲ့

အေးမြမှုနဲ့သာ မိတ်ဖွဲ့စေလိုတာ ။


အရင်တစ်ချိန်ခါက ကမ္ဘာပြိုမတတ်

သောကများက အခုနေခါ

မြူမှုန်ပမာဖြစ်နေတတ်တာမျိုးကွဲ့ .....


ခုချိန်ခါမှာ ဖြစ်ပျက်သမျှလည်း

နောင်တစ်နေ့မှာ ရီစရာတစ်ခုပမာ

ပေါ့ပေါ့ပါးပါး ဖြစ်သွားမှာမို့

နာကျင်စရာများနဲ့ ခရီးမဆက်စေလို။


လူဘ၀ရခိုက် နိယာမတရားနဲ့

သူတော်ကောင်းကို မပြစ်မှား

နာခံမခက် သိမ်မွေ့စွာနဲ့

ကိုယ့်ကိုကိုယ် အစဉ်သုံးသပ်လို့

ပြုပြင်ကြစို့ .....။

TTH (13.1.2020) 

Comments

Popular posts from this blog

ပျော်ပါစေ

ကိုယ်ပြုသောကံ ပဲတင်သံသို့ .....

သင်ယူခြင်း...