သူ့ရိပ်ခိုနား ကျေးဇူးများ

သက်ညှာသနား ပိုကာများတော့

လူ့ပြည်လူ့ရွာ လူ့ကမ္ဘာမှာ 

ခေါင်းပေါ်တက်၍ သူ ထိုင်ချင် .....။


သစ်ပင် ကမ်းပါး တိုက်စားပါများ

ပြန်လှန်တွန်းကန် တစ်နေရာစာ 

ပျောက်မသွားအောင်

မိမိရရ တည်ဆောက်ကြ .....။


ငှက်ထောင်သောင်းတို့ သစ်ပင်ကောင်းမှာ 

နားရင်း ပျံကြသမို့  နှစ်လရှည်ကြာ 

ငှက်ချေး(ချီး)သင့်လာ .....

ထိုသစ်ပင်ဟာ အားတို့ဆုတ်ကာ 

ပျက်စီးကြောင်းသာ ရှိလာမည်လော။


သို့ပါသော်လည်း အရိပ်ခိုနား

ကျေးဇူးများသမို့ ပျက်စီးမည့်ဘေး

ကာကွယ်ပေးလို့ ထိုသစ်ပင်ဟာ

ခက်လက်ဝေဖြာ ကြီးစွာအရိပ်တို့

ပေးဝေမြဲသာ ရှိပါစေလို့

အပြုသဘောဆောင် 

အဆိုးမြင်တွေဝေးလို့

အကောင်းမြင်သာ တွေးကြည့်ချင် .....။



(11.1.2020) YGN

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ