Posts

Image
  အကျွန့်ရင်ထဲ ခံယူထားတယ် ရင်ထဲက ကတိတွေဟာ အများ မသိလည်းရတယ်ဆိုတာ အပြောမဟုတ် လက်တွေ့လုပ်ဖို့သာ အဓိကမဟုတ်လား ....။ သိက္ခာနဲ့ ရိက္ခာက သံတူကြောင်းကွဲတယ် ရိက္ခာအတွက် သိက္ခာနဲ့ မလဲပါနဲ့မိတ်ဆွေ .....။ မှား/မှန်ဆိုတဲ့ လောကသဘာဝမယ် မှားစေတဲ့ ရင်းမြစ်အရင်စစ်မှ အမှန်ရောက်လိမ့်မယ် မဟုတ်လား ....။ လုပ်ရပ်တိုင်းဟာ ကံတွေ အသစ်ဖြစ်တယ် ဂုဏ်ဆာသမျှ ပူလောင်ရတယ် မမြဲခြင်းတရားရဲ့အသိနဲ့ ဒီရုပ်ဒီခန္ဓာမှာ ငါစွဲကိုခွာမှ ဒုက္ခကလည်း မမြဲဘူးဆိုတာသိမှ ....။ အတ္တဦးဆောင် လူတို့ဘောင်ဝယ် ထမ်းပိုးကလည်း လေးသထက်လေးရင် လွှတ်ချသင့်တာလည်း မနှမျောနဲ့ တရားတဲ့ဖက်ရပ်ဖို့လည်း မတွန့်ဆုတ်နဲ့ ....။ မိတ်ဆွေစစ်တွေရယ် ယုံကြည်ရာတူလို့ သွားရာလမ်းတွေတူကြတယ် မတူကွဲပြားမှုတွေကို ညှိယူရင်း သာယာသော လူ့ဘောင်တည်ဆောက်ကြမယ် .....။ သက်တန့်လွှာ (၁၃.၃.၂၀၂၁)

နှစ်သစ်ဆုတောင်း

Image
ကမ္ဘာကြီးရေ ချည်နှောင်တဲ့   ကြိုးတွေလည်း   ခိုင်ခိုင်မြဲစေ အနာအဆာတွေရှိခဲ့လည်း အချိန်က   အကောင်းဆုံး   သမားတော်တဲ့ အနာဂတ်ကို   ဖွေးသောလက်နဲ့ တည်ဆောက်ဖို့   ရွယ်ကြမယ်  ..... ရှေ့ကကြိုနှင့်ပြီ   တို့တွေ ....  အပတ်တကုတ်   ကြိုးစားလို့ ဖြစ်သမျှအကြောင်းလည်း အကောင်းပဲတွေးဖို့   လိုတယ်  .... အဓိကနဲ့   သာမည   အမြဲဝေခွဲလို့ ပြတ်သားမလား   ဝေဝါးမလား ဆုံးဖြတ်ကြမယ်  .... မပြည့်တဲ့အိုးတွေလည်း   ဖြည့်ကြရအုံးမယ်  .... တွဲလက်တွေ   မြဲမြဲဆွဲ မပြီးဆုံးသေးတဲ့   ခရီးလည်း နှင်ကြရအုံးမယ်  .... မျှော်လင့်ချက်   အပြည့်နဲ့ တို့ရဲ့   မနက်ဖြန်များကို အလှဆင်ကြရအုံးမယ်  .... (1.1.2021) Yangon.
 ကြယ်ကြွေညတစ်ညမှာ နတ်စီတဲ့ အိပ်မက်တွေမက်လို့ မှန်နံရံ အပြင်ဖက်က မင်းက ပြုံးစစနဲ့ လှမ်းကြည့်နေတယ် .... မင်းအပြုံးလေး မြင်ရတဲ့ခဏ နှုတ်ခမ်းက တွန့်ကွေးလို့ ထွက်လာပြန်တဲ့ အတွေးတစ်စ .... ဝမ်းနည်းပက်လက်နဲ့ ဆောက်တည်ရာမဲ့ အချိန်တွေ ထားခဲ့ချင်ပြီ ... တစ်ယောက်ထဲညတွေ ဖြတ်ကျော်နေဆဲပဲ .... (၁၆.၁၂.၂၀၂၀) ရန်ကုန်။
  ပျော်ရွင်ခြင်းများက   အလည်ရောက်လာ အိပ်မက်တွေလည်း   ခမ်းနားလို့ တိုးတိတ်ညင်သာ   စိတ်ကကြည်သာ အနာဂတ်ရေး   မျှော်တွေးတယ်  ..... အနေတတ်ဖို့   ငါလေ   ကြိုးစားခဲ့ စေတနာ   အတုအယောင်မထား အပြုသဘောသာ   ဆောင်လို့ ဘာလာလာ   ဒေါင်း   တယ်လေ  ..... (၁၁.၁၂.၂၀၂၀) ရန်ကုန်။ 

အရိပ်စစ်

ရှင်သန်ချိန်ခဏလေးမှာ ခိုလှုံရာ   အရိပ်စစ်လိုက်ရှာ စိတ်ထဲ   မဝံ့မရဲတွေလဲ   ပြတ်သားနိုင်ဖို့   အချိန်တစ်ခုသာ   ငါ ...  လိုနေတာ။   အချိန်တွေကြာခဲ့ပေမဲ့ သဘောထားချင်း   ယုံကြည်ချက်နဲ့   တူညီမှုရှာ ငါ့မှာ  ....  မောလှပြီ။   ဒီနေ့နဲ့မနက်ဖြန်တွေမှာ ငါဖွေရှာမိတာ   တစ်ခုတည်းသာ  .... ငြိမ်သက်   အေးမြတိတ်ဆိတ်မှုနဲ့မိတ်ဖွဲ့လို့ စိတ်ကူးထဲက   အိုအေစစ်တစ်ခုဆီသို့ ရောက်အောင်သွားဖို့ရယ်ပါ  .... (၀၁.၁၂.၂၀၂၀) ရန်ကုန်။
နင် ပျော်ရွှင်ရာ ရပ်ဝန်းမှာ ပျော်ပါစေ တောင်းဆုခြွေနေမယ် နှလုံးသားမှာ ရှိုက်သံတစ်ချက် လွင့်စင်ထွက်ကျယုံပါပဲ ..... ​ ကံကြမ္မာက ကိုယ့်ဖက်သာတယ် နာကျင်အချိန်ပိုက  ကိုယ့်အတွက် ကြိုးစားခွင့်တစ်ခုရယ်ပါ .....  တယုတယနဲ့ ထုဆစ်ခဲ့တာ အမြဲတမ်းပဲ လန်းလို့  ဖျက်ပစ် ဖြတ်ပစ်ဖို့မှ မဟုတ်ခဲ့တာ .....  နာကျင်မှုနဲ့ ကြင်နာမှုဆိုတာ သံစဉ်တေးသွားနဲ့ ချစ်ခြင်းတရားပဲလား အဖြေရှာဆဲပဲ ....။ (၂၅.၁၀.၂၀၂၀) ရန်ကုန်။
Image