ကြယ်ကြွေညတစ်ညမှာ
နတ်စီတဲ့ အိပ်မက်တွေမက်လို့
မှန်နံရံ အပြင်ဖက်က မင်းက
ပြုံးစစနဲ့ လှမ်းကြည့်နေတယ် ....
မင်းအပြုံးလေး မြင်ရတဲ့ခဏ
နှုတ်ခမ်းက တွန့်ကွေးလို့
ထွက်လာပြန်တဲ့ အတွေးတစ်စ ....
ဝမ်းနည်းပက်လက်နဲ့ ဆောက်တည်ရာမဲ့ အချိန်တွေ ထားခဲ့ချင်ပြီ ...
တစ်ယောက်ထဲညတွေ ဖြတ်ကျော်နေဆဲပဲ ....
(၁၆.၁၂.၂၀၂၀) ရန်ကုန်။
Comments
Post a Comment