အရိပ်စစ်

ရှင်သန်ချိန်ခဏလေးမှာ

ခိုလှုံရာ အရိပ်စစ်လိုက်ရှာ

စိတ်ထဲ မဝံ့မရဲတွေလဲ 

ပြတ်သားနိုင်ဖို့ 

အချိန်တစ်ခုသာ ငါ... လိုနေတာ။ 


အချိန်တွေကြာခဲ့ပေမဲ့

သဘောထားချင်း 

ယုံကြည်ချက်နဲ့ တူညီမှုရှာ

ငါ့မှာ .... မောလှပြီ။ 


ဒီနေ့နဲ့မနက်ဖြန်တွေမှာ

ငါဖွေရှာမိတာ တစ်ခုတည်းသာ ....

ငြိမ်သက် အေးမြတိတ်ဆိတ်မှုနဲ့မိတ်ဖွဲ့လို့

စိတ်ကူးထဲက အိုအေစစ်တစ်ခုဆီသို့

ရောက်အောင်သွားဖို့ရယ်ပါ ....

(၀၁.၁၂.၂၀၂၀) ရန်ကုန်။

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...