ပျော်ရွင်ခြင်းများက အလည်ရောက်လာ
အိပ်မက်တွေလည်း ခမ်းနားလို့
တိုးတိတ်ညင်သာ စိတ်ကကြည်သာ
အနာဂတ်ရေး မျှော်တွေးတယ် .....
အနေတတ်ဖို့ ငါလေ ကြိုးစားခဲ့
စေတနာ အတုအယောင်မထား
အပြုသဘောသာ ဆောင်လို့
ဘာလာလာ ဒေါင်း တယ်လေ .....
(၁၁.၁၂.၂၀၂၀) ရန်ကုန်။
My Second World!! ကိုယ့်ရဲ့ ဒုတိယ ကမ္ဘာလေးအဖြစ် အသက်သွင်း၊ ရင်ဘတ်ထဲက ထွက်ကျလာတဲ့ အနုပညာတစ်စ သူ့ရဲ့ အမည်လေးက " သက်တန့်လွှာ " တဲ့။ ဘောင်ခတ်မထားတဲ့ မိမိအတွေး၊ မိမိခံစားချက်တွေကို မျှဝေပေးဖို့ ရင်ဘတ်တူသူ လိုက်ရှာလိုရင်းနဲ့ စာတိုလေးများ ရေးရင်း မိတ်ဆွေများကို မျှဝေရအောင် အလည်လာဖို့ တံခါးဖွင့်ထားပါတယ်။ တကူးတက အချိန်ပေး ဖတ်ပေးတဲ့ ကမ္ဘာ့နေရာအနှံ့မှ ရင်ဘတ်တူသူ မိတ်ဆွေများကိုလည်း အထူးပဲ ကျေးဇူးတင်မိကြောင်းနဲ့ ငြိမ်းချမ်းသော လမ်းကိုလျှောက်လှမ်းကြရင်း အမြဲတမ်း အေးချမ်းကြပါစေ ဆုမွန်ခြွေပါတယ်
ပျော်ရွင်ခြင်းများက အလည်ရောက်လာ
အိပ်မက်တွေလည်း ခမ်းနားလို့
တိုးတိတ်ညင်သာ စိတ်ကကြည်သာ
အနာဂတ်ရေး မျှော်တွေးတယ် .....
အနေတတ်ဖို့ ငါလေ ကြိုးစားခဲ့
စေတနာ အတုအယောင်မထား
အပြုသဘောသာ ဆောင်လို့
ဘာလာလာ ဒေါင်း တယ်လေ .....
(၁၁.၁၂.၂၀၂၀) ရန်ကုန်။
Comments
Post a Comment