နှစ်သစ်ဆုတောင်း


ကမ္ဘာကြီးရေ

ချည်နှောင်တဲ့ ကြိုးတွေလည်း ခိုင်ခိုင်မြဲစေ

အနာအဆာတွေရှိခဲ့လည်း

အချိန်က အကောင်းဆုံး သမားတော်တဲ့

အနာဂတ်ကို ဖွေးသောလက်နဲ့

တည်ဆောက်ဖို့ ရွယ်ကြမယ် .....


ရှေ့ကကြိုနှင့်ပြီ 

တို့တွေ.... အပတ်တကုတ် ကြိုးစားလို့

ဖြစ်သမျှအကြောင်းလည်း

အကောင်းပဲတွေးဖို့ လိုတယ် ....


အဓိကနဲ့ သာမည အမြဲဝေခွဲလို့

ပြတ်သားမလား ဝေဝါးမလား

ဆုံးဖြတ်ကြမယ် ....

မပြည့်တဲ့အိုးတွေလည်း 

ဖြည့်ကြရအုံးမယ် ....


တွဲလက်တွေ မြဲမြဲဆွဲ

မပြီးဆုံးသေးတဲ့ ခရီးလည်း

နှင်ကြရအုံးမယ် ....


မျှော်လင့်ချက် အပြည့်နဲ့

တို့ရဲ့ မနက်ဖြန်များကို

အလှဆင်ကြရအုံးမယ် ....

(1.1.2021) Yangon.





Comments

Popular posts from this blog

ပျော်ပါစေ

သင်ယူခြင်း...